♦️Part 7♦️

1.1K 61 11
                                    

Bad baby

Man: "သခင်​လေး ပြန်​လာတာစောသားပဲ"

Cop: "Khrap.. ကျွန်​တော့်​အခန်းထဲကို သောက်​စရာယူလာခဲ့ပေး"

Man: "သောက်​လို့ဖြစ်​ပါ့မလား မနက်​ဖြန်​ပွဲတစ်​ခုတက်​ရမယ်​"

Cop: "မနက်​ကျရင်​ လာနှိုးပေး။ ကျွန်​တော်​ ဒီညမူးချင်​နေလို့ဗျာ။ သွားစီစဉ်​ပေး"

Man: "Khrap သခင်​လေး"

ကျွန်​တော်​ ရေချိုးပြီး ပြန်​ထွက်​လာတော့ အကုန်​အဆင်​သင့့်ရှိနေတယ်​။ အရက်​ထိုင်​သောက်​နေရင်းနဲ့ ကိုကို့အကြောင်းတွေးနေမိတယ်​။ အမြည်းမစားဖြစ်​ဘဲ အရက်​သောက်​တတ်​နေတာ ဘယ်​အချိန်​တည်းကလဲ ကျွန်​တော်​မမှတ်​မိတော့ဘူး။ ကျွန်​တော်​လဲ အမူးသောက်​ပြီး အိပ်​လိုက်​တယ်​။ မနက်​မိုးလင်းတော့ အစောကြီးနိုးပေမယ့်​ ခေါင်းကိုက်​နေတုန်းပဲ။ ရေချိုးပြီး ဆင်းလာတော့ ကျွန်​တော့်​အတွက်​ ဖျော်​ပေးထားတဲ့ သံပုရာရေကို သောက်​လိုက်​မှ သက်​သာသွားတယ်​။ ဒီနေ့ ကျွန်​တော့်​ကို အေဂျင်​စီက ပွဲစထုတ်​မယ့်​နေ့ဗျ။ ကျွန်​တော်​လဲ သူတို့ပို့ပေးလိုက်​တဲ့ အဝတ်​အစားကို ကျကျနန ဝတ်​ပြီး မှန်​ရှေ့မှာ ရပ်​နေတုန်း ကျွန်​တော့်​ဖုန်းမြည်​သံကြားလို့ ကြည့်​လိုက်​တော့ Daddy.

Cop: "Hello Daddy"

Mr. Panuwat: "သား ဒီနေ့ ပွဲတက်​ရမယ်​ဆို"

Cop: "Khrap Daddy"

Mr. Panuwat: "မနက်​ဖြန်​ Daddy ပြန်​လာမယ်​။ သားဘာလက်​ဆောင်​လိုချင်​လဲ"

Cop: "ဘာမှမဝယ်​လာနဲ့ Daddy"

Mr. Panuwat: "သားဘာဖြစ်​နေတာလဲ"

Cop: "မဟုတ်​ပါဘူး"

Mr. Panuwat: "Daddyရဲ့သား တစ်​ခုခုဖြစ်​နေပါတယ်​။ Daddy ကိုမပြောပြချင်​ဘူးလား"

Cop: "သားချစ်​တဲ့သူတွေကို သားအနားမှာထားဖို့ ဘာလို့အဲ့လောက်​ခက်​ခဲနေရတာလဲ Daddy"

Mr. Panuwat: "Daddy လဲ သားနားမှာနေချင်​ပါတယ်​။ ဒါပေမယ့်​ သားအဖိုးတို့တွေ ထားခဲ့တဲ့ ဒီအမွေတွေကို ထိန်းသိမ်းရမှာ Daddy တာဝန်​လေ။ သားလဲတစ်​ချိန်​ကျရင်​"

Bad BabyWhere stories live. Discover now