Bad baby
Mr Varadom: "မင်းဘယ်လိုပြောလိုက်တယ် Kimmon"
Kim: "ကျွန်တော့်ချစ်သူကို အဲ့လောက်ထိနစ်နစ်နာနာ မပြောပါနဲ့လို့ပြောတာ"
Pre: "ဘာတွေပြောနေတာလဲ ကို။ Pre ကကို့ချစ်သူလေ"
Kim: "မင်းကငါ့ရည်းစားအဆင့်ပဲ ရှိခဲ့တာပါ"
Pre: "ရှင် ကျွန်မကို အရှက်ခွဲနေတာလား"
Cop: "Haha မင်းမှာ အရှက်ရောရှိသေးလို့လား"
Pre: "ဘာ မင်းးး"
Mr Varadom: "မင်းဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာလဲ။ Kimmon မင်းကရော သူ့ကြောင့် ဒီမင်္ဂလာပွဲကို ငြင်းခဲ့တာလား"
Cop: "ကိုကိုက ကျွန်တော့်ကို မေ့ပစ်ခိုင်းခဲ့ပြီးသားပါ။ ပြီးတော့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်ခဲ့တယ်လေ။ ဒါပေမယ့်အဲဒီမိန်းကလေးကလဲ ကိုကို့ရဲ့ရွေးချယ်မှုနဲ့ မထိုက်တန်လို့ ကျွန်တော် တကူးတကလာပြီး ပွဲဖျက်ပေးတာပါဗျ"
Miss Varadom: "မင်း ဘာကိုပြောချင်တာလဲ"
Cop: "နောက်မှာ ပြင်ထားတဲ့ ကျွန်တော့်ရဲ့ လက်ဆောင်ကို ကြည့်ပြီးရင် ရှင်းသွားပါလိမ့်မယ်"
ကျွန်တော်တို့ကိုပြောပြီးတာနဲ့ တစ်ပြိုင်နက် မင်္ဂလာဆောင်ကျင်းပတဲ့ ဇာတ်စင်ပေါ်မှာ နောက်ခံပိတ်ကားတစ်ခု ကျလာတယ်။ ပြီးတော့ Pre နဲ့ ယောက်ျားတစ်ယောက်ရဲ့ အိပ်ယာပေါ်က ဇာတ်လမ်းကြီး ထွက်ပေါ်လာတဲ့အပြင် သူတိုနှစ်ယောက်ရဲ့ စကားတစ်ချို့ကိုပါ မှတ်တမ်းတင်ထားတဲ့ Vedio File ပါ တွေ့ရတယ်ဗျ။
Pre: "Ai Din ငါနင့်ကို လက်မထပ်နိုင်ဘူး"
Din: "ဘာလို့လဲ Pre ဒါကို့ကလေးလေ။ ကိုတာဝန်ယူပါရစေ"
Pre: "ဟင့်အင်း နင့်ကလေးမှန်ပေမယ့် ငါနင့်ကိုတော့ မယူနိုင်ဘူး။ နင်က ငါတို့အိမ်က Driver အဆင့်ပဲရှိတာ။ ငါ့ချစ်သူက စီးပွားရေး လုပ်ငန်းရှင် သူကငါ့အတွက်ပဲ ဖြစ်ရမယ်"
Din: "မင်းဘာလို့ အတ္တကြီးနေတာလဲ။ ဟိုတစ်ယောက်က သူ့ကလေးမဟုတ်မှန်းသိရင်"
YOU ARE READING
Bad Baby
Fanfictionကလေးဆိုးလေးကြောင့် အချစ်ဆိုတာကို သိခွင့်ရခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အချစ်ဆုံးလေးဆိုလဲ မမှားဘူး။ baby ဘယ်လိုပဲဆိုးပါစေ ကျွန်တော့်အတွက်တော့ baby က ကျွန်တော့်ဘဝပါပဲ။ #Ki...