ပိုင်ရတုမောင် မျက်လုံးတွေကိုမှိတ်လိုက်ကာ သူမြင်နေရတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကိုကြိုးစားဖျောက်ဖျက်လိုက်သည်
ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ကိုယ်သူလျော့ချကာ လက်ရှိအချိန်ကိုဘဲ အာရုံစိုက်ထားလိုက်သည်....'အကိုက နှင်းဆီပန်းတွေကိုအတော်လေး သဘောကျတယ်ထင်တယ်နော်..'
ပိုင်ရတုမောင် ၏သြရှရှ အသံနှင့်အတူ အနောက်သို့လှည့်ကြည့်လာသော လူတစ်ယောက်......
ပိုင်ရတုမောင် ချက်ချင်းပင် ထိုနေရာ၌ကြက်သေ သေသွားမိသည်
ဘာကြောင့်လဲ??? ဘာကြောင့် ဒီပုံရိပ်တွေကို သူမဖျောက်ဖျက်နိုင်သေးတာလဲ...ဘာကြောင့် သူ့မျက်လုံးတွေက ဒီလူရဲ့ပုံကိုဘဲ ခဏခဏ မြင်နေရတာလဲ..သူကြည့်မိတဲ့နေရာတိုင်းမှာ ဒီလူရဲ့ပုံရိပ်တွေနဲ့ဘဲ ပြည့်နှက်နေတယ်...သူတကယ်ကိုရူးချင်လာပြီ...သူ့ကိုယ်သူလည်း ဘယ်လိုမှနားမလည်နိုင်တော့ဘူး....
'ညီ.... အဆင်ပြေရဲ့လား...'
ဒီအသံ...ဟုတ်တယ်.. ဒီအသံဘဲ
သူ့ကိုညတိုင်း အိပ်ရေးပျက်စေခဲ့တဲ့ ဒီအသံ
သူ အမြဲတမ်းကြားချင်နေတဲ့ ဒီအသံ...
သွားပြီ...ကျွန်တော်တော့ တကယ်ရူးသွားပြီထင်ပါတယ်ဗျာ...နေမင်းမဟာ သူ့ကို ပြူးတိပြူးကြောင်နဲ့ရပ်ကြည့်နေတဲ့ ကောင်လေး
ကြောင့် သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်သည်..သူ့ပုံစံကတနေရာရာမှာများမှားယွင်းနေလို့လားပေါ့...ထိုကောင်လေးကတော့မေးတော့လည်းမဖြေ လူကိုဒီအတိုင်းကြီးမှင်သေသေနဲ့သာကြည့်နေသည်...
ကောင်လေးကြည့်ရတာ တစ်ခုခုချို့ယွင်းနေတဲ့ပုံလည်း မပေါ်ပါဘူး ဘာဖြစ်နေတာပါလိမ့် ဟု သူစဉ်းစားနေမိသည်'ဟိတ်...ဟိတ်! !!ညီ ဘာဖြစ်လို့လဲ တစ်ခုခုအဆင်မပြေလို့လား'
ဒီကောင်လေးသည် ဘယ်အချိန်မှ သူ့ကိုဒီလိုကြည့်နေတာ ရပ်မှာလဲ
နေမင်းမဟာ စိတ်မရှည်တော့တာနဲ့ ထိုကောင်လေးရှေ့နားသွားကာ ကောင်လေးရဲ့ပခုံးကိုလှုပ်ပြီး ထပ်မေးလိုက်သည်
ထိုအချိန်တွင်သူ့ရှေ့၌ရပ်နေသည့် ကော်ဖီရောင် ဆံပင်ပိုင်ရှင်ကောင်လေး၏အေးစက်စက် လက်တစ်စုံက ရုတ်တရက်ကြီး သူ့လက်ခုံပေါ်အုပ်ကိုင်လာတဲ့အတွက် နေမင်းမဟာ ၏ ခန္ဓာကိုယ်သည်အကြောင်းအရင်းမဲ့စွာဖြင့် တောင့်ခနဲဖြစ်သွားရသည်...
YOU ARE READING
"သူ" သာလျှင်.....💘
Romanceတစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်ဆိုတာကျွန်တော်မသိနိုင်ပေမယ့်လည်း သူ့ကိုကျွန်တော့်ရင်ထဲကအပြောချင်ဆုံးစကားတစ်ခွန်းကတော့ 'ချစ်တယ်'...... ချစ်တယ်ဆိုတဲ့စကားလုံးထ...