Part-7(❤...❤)

661 30 1
                                    

အဲ့ဒီ့ကောင်လေးကတော့တခြားသူမဟုတ် အင်္ဂလိပ်စာဌာနရဲ့ kingတစ်ဖြစ်လဲ ပထမနှစ်ကျောင်းသားလေး ပိုင်ရတုမောင် ပင်....

'ဟော...ဟိုမှာ လာပါပြီ ငပိုင်...'

ဇွဲရန်နိုင်တို့ဝိုင်းမှ ထွက်ပေါ်လာသော အသံကြောင့် တစ်ခန်းလုံးရှိ အကြည့်တို့က အခန်းထဲသို့ဝင်လာသော ပိုင်ရတုမောင် ဆီသို့ဝိုင်းအုံရောက်လာကြသည်.....
ထိုအထဲတွင် တချို့မိန်းကလေးများကအဆိုးဆုံးပင်....
အရမ်းကို ပိုလွန်းနေကြသည်...
မိန်းကလေးတန်မဲ့ ပိုင်ရတုမောင် ကိုလိုက်ကြည့်နေကြသည်မှာ သူတို့မျက်လုံးတွေက ကျွတ်ထွက်ပြီး ပိုင်ရတုမောင် ရဲ့ကျောပြင်၌ကပ်ပါ
လာသည်ဟုပင် ထင်ရသည်....အဲ့လိုမိန်းကလေးမျိုးတွေကို ဇွဲရန်နိုင်အလွန်ပင် ကြည့်မရ....

'ငပိုင် ငါတို့က မင်းအတန်းလစ်သွားပြီလားလို့ ထင်နေတာ'

ဇွဲရန်နိုင်ရဲ့အမေးကို ပိုင်ရတုမောင်က သူ့အင်္ကျီကြယ်သီးကိုသေချာတပ်နေရင်း ဖြေသည်

'မလစ်ပါဘူးကွာ..ညက မိုးအေးအေးနဲ့အိပ်လိုက်တာ မနက်ကျတော့ ငါအိပ်ရာထနောက်ကျသွားလို့.....ပြီးတော့ နှိုးစက်မြည်တာကိုလည်း ငါကပိတ်ပြီး ပြန်အိပ်ပျော်သွားလို့ကွ'

သွားတွေအကုန်ပေါ်အောင် ပြုံးဖြီး၍ ပြောပြနေသော ပိုင်ရတုမောင်၏ စကားကို သူငယ်ချင်းဖြစ်သူ ဝတ်ရည်ကျော် က သဘောမကျဟန်ဖြင့် ဆရာကြီးဆိုဒ်ဖြင့်လက်ပိုက်ကာ ကြည့်ရင်း

'ပိုင်ပိုင်.... ဘာဆင်ခြေတွေမှလာမပေးနေနဲ့...နင်ဒီနေ့သွားစရာရှိတယ်နော်'

'သွားစရာ...ငါကဘယ်ကိုသွားရမှာလဲ???'

မျက်လုံးလေး ပေကလပ်ပေကလက်ဖြင့်ခေါင်းမော့ကာ မေးလာသည့် ပိုင်ရတုမောင် ရဲ့ခေါင်းကို ဝတ်ရည်ကျော်က သူ့လက်ဆစ်ဖြင့် ဒေါက် ခနဲမည်အောင် အားရပါးရခေါက်လိုက်သည်...

'အားးး နာလိုက်တာ ဝတ်ရည်ရယ်...နင်ကငါ့ခေါင်းကိုဘာလို့ခေါက်တာလဲ'

ပိုင်ရတုမောင် ၏အသံနှင့်အတူ တခန်းလုံးရှိ မိန်းကလေးတို့၏ သတ်မလိုဖြတ်မလိုအကြည့်တို့က ဝတ်ရည်ကျော်ထံသို့ရောက်လာကြသည်...ဒါကိုဝတ်ရည်ကျော်ကလည်းသိသည်...ထိုမိန်းကလေးများကို အမြင်ကပ်လွန်း၍သာ ပိုင်ရတုမောင်ရဲ့ ခေါင်းကိုယခုလိုမျိုးသူခေါက်လိုက်ရခြင်းသာ....

"သူ" သာလျှင်.....💘Where stories live. Discover now