Part-8

576 27 0
                                    

လှပပါတယ်ဆိုတဲ့ မိန်းကလေးတွေရဲ့ရယ်သံကိုတောင် နားဝင်ချိုတယ်လို့ မတွေးထင်ခဲ့ဘူးတဲ့ ပိုင်ရတုမောင် ဟာ အခုလိုမျိုး ဒီနေ့မှတွေ့ဖူးတဲ့ လူရဲ့ ရယ်မောသံကို နှစ်ခြိုက်သဘောကျသွားမိမယ်လို့ ဘယ်သူကများ စဉ်းစားမိမှာလဲ.....

'အကိုရော....စာကြည့်တိုက်လာရင် အိပ်မငိုက်ဘူးလား'

ပိုင်ရတုမောင် အမေးကို နေမင်းမဟာက ခေါင်းရမ်း၍ ပြန်ဖြေသည်

'မပျင်းပါဘူး...စာကြည့်တိုက်က အကို့အိမ်လိုဖြစ်နေပြီ...'

'အိမ်!!!အိမ်ဆိုတော့ အကိုက စာကြည့်တိုက်ကို အမြဲလိုလိုလာနေကြလား'

နေမင်းမဟာက စဉ်းစားဟန်ဖြင့် အရင်ပြုပြီးမှ သူဖတ်လက်စ စာအုပ်ကို ပိတ်လိုက်သည်....ဒီကောင်လေးက သူ့ကိုတစ်ခုပြီးတစ်ခု မေးခွန်းတွေမေးတော့မယ်ဆိုတာ သူသိတယ်လေ...အဲ့တော့ စာအုပ်ဖွင့်ထားလည်း မဖတ်ရမယ့်အတူတူ စာအုပ် ပိတ်ထားပြီး ဒီကောင်လေးမေးတာကိုဘဲ ဖြေလိုက်တာ ပိုကောင်းမယ်လို့သူတွေးလိုက်သည်..

'အကိုက စာကြည့်တိုက်ကို လာပြီး စာဖတ်ရတာကြိုက်တယ်...
အထူးသဖြင့် တိတ်ဆိတ်နေတာကိုပိုကြိုက်တယ်...အဲ့တာက အကို့ကို အာရုံမထွေပြားစေဘူးလေ...'

'အဲ့တာဆို အကိုက တစ်ယောက်တည်းနေရတာ ကြိုက်တာပေါ့'

'အဲ့လိုလည်း ပြောလို့ရပါတယ်...အကိုက ရှုတ်ရှုတ်ယှက်ယှက်တွေသိပ်မကြိုက်ဘူး...အဲ့တာကြောင့်အတန်းချိန်မှာ တီချယ်တို့မလာနိုင်ရင်လည်း အကို စာကြည့်တိုက်လာတယ်....ဒါမှမဟုတ်ရင် အတန်းထဲက ဆူဆူညံညံအသံတွေက အရမ်းခေါင်းကိုက်ဖို့ကောင်းတယ်'

'အော်~~~'

ပိုင်ရတုမောင် နှုတ်က 'အော်'တစ်လုံးသာထွက်နိုင်သည်...တကယ်တမ်းစဉ်းစားကြည့်ရင် အကိုနေမင်းနဲ့သူသည် အများကြီးကွာသည်
ပိုင်ရတုမောင်က လူတိုင်းနဲ့ပျော်ပျော်နေတတ်သည် သူငယ်ချင်းတွေနဲ့ စနောက်ပြောဆိုနေရတာကိုကြိုက်သည်... တစ်ယောက်တည်းနေရတာကိုမကြိုက်....အဲ့လိုနေရတာပျင်းဖို့ကောင်းသည်ဟု သူထင်သည်...
သို့သော် အကိုနေမင်းကတော့ အေးအေးဆေးဆေးနဲ့ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်တဲ့....ဒါဟာ သူနဲ့ အကြီးမားဆုံး ဆန့်ကျင်ဘက်တစ်ခုလိုပင်ဖြစ်နေသည်....

"သူ" သာလျှင်.....💘Where stories live. Discover now