စာကြည့်တိုက်ထဲဝင်လာတာနဲ့ တောင်ကြည့်မြောက်ကြည့်ဖြင့် အကိုနေမင်းမဟာကို ပိုင်ရတုမောင်ရှာနေခဲ့သည်....ငါများ လာတာနောက်ကျသွားလို့ လွဲသွားတာများလား ဆိုပြီး တွေးကာ စိတ်ဓာတ်အကြီးအကျယ်ကျသွားသည်....သို့သော် ခဏကြာတော့ သူ့အနောက်မှာ ရောက်လာတယ့်လူကိုလည်းမြင်ရော ပိုင်ရတုမောင် အလွန်ပင်ပျော်သွားသည်...
မနေ့က သူတို့ထိုင်တဲ့ဝိုင်းလေးမှာဘဲ နေမင်းမဟာနဲ့ ပိုင်ရတုမောင် ဟာမျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး...ဒီနေ့လည်း နေမင်းမဟာဘက်ကပင် စတင်ကာ...'ကျွန်တော်က အကိုနဲ့လွဲသွားပြီလားလို့...'
'မလွဲပါဘူး....အကိုလည်း အခုမှအတန်းမရှိလို့ ဒီကိုလာတာ'
ပိုင်ရတုမောင်က နောက်ထပ်စကားဆက်မပြောခင်မှာ...သူ့လည်ဂုတ်ကိုသူ အကြောင်းအရင်းမရှိပွတ်နေပြီးမှ...
'အကိုက...ဒီလာတာ စာဖတ်မလို့လား'
ပိုင်ရတုမောင် မေးခွန်းကြောင့် နေမင်းမဟာက အံ့သြသွားဟန်ဖြင့်...
'ညီကတော့ တော်တော်မေးတတ်တာဘဲ....စာကြည့်တိုက်လာပါတယ်ဆို အကိုက စာလာဖတ်တာပေါ့..ဒါနဲ့....ညီကရော..ဒီကိုဘာလာလုပ်တာလဲ အကို့စိတ်ထင်တော့ စာလာဖတ်တာ မဟုတ်လောက်ဘူးနော်'
နေမင်းမဟာက အရွှန်းဖောက်ကာ မေးလိုက်တော့ ပိုင်ရတုမောင်လည်း ရှိသမျှသွားအကုန်ပေါ်အောင် ရယ်ပြီး...
'ဟီးဟီး...အမှန်အတိုင်းပြောရရင် ဒီကိုလာတာ စာလာဖတ်တာမဟုတ်ဘူး....အကို့ကိုလာကြည့်တာ'
'ဟင်....အကို့ကို လာကြည့်တယ်...'
'ဟုတ်တယ်လေ.... အကိုဘဲ မနေ့ကပြောတော့ သိချင်ရင် ကိုယ်တိုင်လာကြည့်ဆို...အဲ့တာကြောင့်မို့ ကျွန်တော်က လာကြည့်တာ'
'aww...အကိုထင်တာက ညီတကယ်မလာလောက်ဘူးထင်လို့လေ
အဲ့တာကြောင့်မို့ အဲ့လိုပြောလိုက်တာ'ဒီစကားကိုကြားတော့ ပိုင်ရတုမောင်က အနည်းငယ်စူပုတ်ပုတ်မျက်နှာထားဖြင့်....
'ဘာလို့မလာရမှာလည်း အကိုကလည်း....ကျွန်တော်ကဖြင့် တညလုံးအိပ်လို့တောင်မပျော်ဘူး....အကို့ကို နောက်ထပ်တွေ့ချင်~~~'
YOU ARE READING
"သူ" သာလျှင်.....💘
Romanceတစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်ဆိုတာကျွန်တော်မသိနိုင်ပေမယ့်လည်း သူ့ကိုကျွန်တော့်ရင်ထဲကအပြောချင်ဆုံးစကားတစ်ခွန်းကတော့ 'ချစ်တယ်'...... ချစ်တယ်ဆိုတဲ့စကားလုံးထ...