Part 5
1.1K 80 0
Part 5
Singto
ကျွန်တော် ကုမ္ပဏီသွားခံနီး အိပ်ရာထလာတဲ့ ညီ
"ကိုကို  ကျွန်တော့်လည်း အလုပ်လုပ်ချင်တယ်  "
" မလုပ်ရဘူး အိမ်မှာပဲနေ  "
" အဲ့ဒါကြောင့် ယောက်ကျားမယူချင်တာ ယောက်ကျားအချင်းချင်းကို အထင်သေးလို့ မကြိုက်တာ "
" အဲ့ဒါဆို ညီက မိန်းမယူချင်ပြီး လုပ်ကြွေးချင်တာပေါ့ ဟုတ်လား   "
" ဟုတ်တယ်  "
" အဲ့ဒါဆို ကိုကို့ ကို လုပ်ကျွေးလေ  "
" ဘယ်လိုလုပ်ကျွေးရမှာလဲ "
" ကိုကို့ ကို မမေးနဲ့လေ ညီမိန်းမယူရင် ဘာလုပ်ကျွေးမှာလဲ ကိုကို ကုမ္ပဏီမှာ အလုပ်လုပ်ပြီး လုပ်ကျွေးဖို့ လား မဖြစ်နိုင်ဘူးလေ  ညီစဉ်းစားပေါ့  "
ကိုကိုပြောပြီး ထွက်သွားသည် ကျွန်တော်ရေချိုးနေရင်းနဲ့ လည်း ကိုကိုပြောတာ စဉ်းစားမိသည် မနက်စာစားရင်လည်း စဉ်းစားပြီး သက်ပြင်းချ နေမိသည်
" ဘာစဉ်းစားနေတာလဲ ကလေး "
" ဦး ကျွန်တော့်ကိုကို့ ကို လုပ်ကျွေးချင်လို့ ဘယ်လို လုပ်ကျွေးရမလဲ ကျွန်တော် ပိုက်ဆံရှာနိုင်တာကို ကိုကို့ ကို ပြချင်တယ် "
"အဲ့ဒါလား လွယ်ပါတယ် ခဏစောင့် ပြီးရင် ဦးနဲ့ ပန်းခြံသွားရအောင်  "
" ဟုတ်ကဲ့  "
ကျွန်တော် ဧည့်ခန်းထဲမှာ TV ကြည့်ရင်း ဦးခြင်းတစ်ခြင်းနဲ့ ထွက်လာသည်  ပြီးတော့ ခေါက်စားပွဲခုံကို ယူပြီး
" သွားရအောင်ကလေး လမ်းလျှောက်နိုင်တယ် မဟုတ်လား "
" ဟုတ်ကဲ့  "
ပန်းခြံထဲရောက်တော့ ဦးခေါက်စားပွဲခုံကို ခင်းကာ ခြင်းထဲ ကထမင်းလိပ်တွေကို စားပွဲပေါ်တင်လိုက်သည်
"ကိုးရီးယား ထမင်းလိတ်ရမယ် အရသာက ကိုးရီးယား နိုင်ငံက ထမင်းလိပ်အတိုင်းပဲနော် အရမ်းကောင်းတယ်  "
ဦးအော်ပြီး ဈေးရောင်းနေသည် ဈေးဝယ်တွေ ပြုံရောက်လာပြီး
" တကယ်ကိုးရီးယားနိုင်ငံက အတိုင်းပဲလား "
"မြေးကြည့်ပါဗျာ "
ဈေးဝယ်တွေ မြည်းကြည့်ပြီး ကြိုက်ပြီး ဝယ်သွားကျသည် ထမင်းလိပ်တွေ အကုန်ကုန်သွားသည်
" ဝါး ဦးက အရမ်းတော်တာပဲ  "
" စီးပွားရေး ဆိုတာ အဲ့တာပဲ ကလေး အသေးစားလုပ်ငန်းဆိုတာ ဒါပဲ ကုမ္ပဏီမှာကျတော့ စက်ရုံနဲ့ ကြာရှည်ခံပစ္စည်းတွေလိုမယ် ဥပမာ ဦးတို့ကျတော့ ချက်ခြင်း ရောင်းထွက်ချင်တော့ အဆင့်သင့်စားတဲ့ အစာစားတွေ လုပ်ပြီး ချက်ခြင်းရောင်းချတယ် ကုမ္ပဏီကြီးတွေကျတော့ ကြာရှည်ခံပစ္စည်းတွေကို ထုတ်လုပ်ပြီး ဈေးကွက်တင်သွင်းပြီး အမြတ်ယူတယ် ဦးပြောတာ နားလည်ပြီလား ကလေး  "
"ဟုတ်ကဲ့ ဦး...ဦးကအရမ်းတော်တာပဲနော်  ကိုကိုမေးခွန်းအတွက် အဖြေရှီသွားပြီ "
" ရော့ကလေး ဒီနေ့ရောင်းရတဲ့ပိုက်ဆံ  "
Kirst ပိုက်ဆံတွေကို ယူပြီး
" ဟားဟား ကလေးကတော့ကွာ "
အရမ်းချစ်စရာကောင်းတဲ့ Kitက သူMommy အတိုင်းပါပဲလား
ချစ်သောညီWhere stories live. Discover now