Part 13
" ညီရေ....ညီ!!! "
ကိုကို ကုမ္ပဏီကပြန်လာတာနဲ့ ကျွန်တော်ကိုရှာနေသည်
" ကျွန်တော့် ဒီမှာကိုကို "
မီးဖိုချောင်က ထွက်လာတဲ့ ညီ
" ဘာလုပ်နေတာလဲ "
" ကျွန်တော် ကိုကိုအတွက် ဟင်းချက်နေတာပါ "
" ဘာလို့ အဲ့တာတွေ လုပ်နေတာလဲ ညီ"
" ကျွန်တော့်က ဦးသားဆို ဟင်းကောင်းကောင်း ချက်တက်ရမှာပေါ့ အဖေတူသားဆို "
" ကိုယ် အဲ့ဒါကြောင့်ပြန်လာတာ ဒီမှာ DNA အဖြေရလာပြီ "
ညီချက်ခြင်းပဲ စာအိတ်ကို ဖောက်ကာ ကြည့်နေသည်
" အဖြေက ဘာလဲညီ "
ညီမျက်ရည်ကျလာသည်
" ဦးက ကျွန်တော်အဖေအရင်းဆိုတာ မှန်တယ် မဲ့ရက်စက်လိုက်တာ မဲ့လုပ်ရက်လိုက်တာ P "
ကျွန်တော့် ညီကို ဖတ်လိုက်သည်
" မငိုပါနဲ့ ညီနှလုံးအောက်လာလိမ့်မယ် မငိုပါနဲ့ "
" ဦး ဦးဆီသွားချင်တယ် ကိုကို "
" မနက်ဖြန်မှ သွားရအောင် အခုမှောင်တော့မှာ "
" ဟင့်အင်း အခုပဲသွားချင်တယ် ကိုကို ညီကိုချစ်ရင် လိုက်ပို့ ပါ "
" ကိုကိုလိုက်ပို့ပါမယ် "
ညီနဲ့အတူ P'Kongအိမ်ဘတ်ထွက်လာခဲ့သည် P'Kong ပေးတဲ့လိပ်စာအတိုင်းရောက်တော့ ဟွန်းတီးလိုက်တော့ ခြံတံခါးပွင့်သွားသည် ခြံနဲ့အိမ်ကို အတော်မောင်းရသည် P'Kong က အရမ်းချမ်းသာတဲ့လူပဲ သူသားကို တွေ့ချင်လို့ အိမ်မှာ အလုပ်သမားလာလုပ်ခဲ့တာပဲ အိမ်ရှေ့ ဆင်ဝင်မှာ ကားရပ်လိုက်ပြီး ကားပေါ်ကဆင်းပြီ အိမ်ထဲဝင်တော့
" ဘယ်သူလဲ လက်မြှောက် "
ညီနဲ့တူတဲ့ Pက အရုပ်ကိုကိုင်ကာ တစ်ဖတ်က သနတ်ကိုကိုင်ပြီး လက်မြောက်ခိုင်းနေသည်
" ကိုကိုရေ ကိုကိုလာပါအုန်း ဒီမှာ သားသားကို ခိုးမဲ့ ကလေးသူခိုးတွေ လာနေပြီ "
Kirst သူနဲ့တူတဲ့လူကို ငေးကြည့်နေစဉ် အိမ်ပေါ်ထပ်က ပြေးဆင်းလာတဲ့ ဦးကို တွေ့သည်
"ကလေး!! "
" ဦး! "
ဦးကိုမြင်တာနဲ့ ပြေးဖတ်လိုက်သည် ဦးလည်း ကျွန်တော့်ကို ပြန်ဖတ်ထားသည်
" ကလေး ဦးဆီလိုက်လာတယ်နော် "
" ကျွန်တော်အကုန်သိပါပြီ ဦး "
ရုတ်တရက် ကျွန်တော် ခန္ဓာကိုယ်ကို နောက်ကနေ ရိုက်ခြင်းခံလိုက်ရသည်
" အဟင့်...ဟင့်..လွှတ်..ငါကိုကို့ ကို လွှတ် "
" သခင် သားကိုမလုပ်နဲ့ အဲ့ဒါသခင်သား "
ဦးက ကျွန်တော်နဲ့ တူတဲ့လူကို ထိန်းပြီး ပြောနေသည်
"ဦး သူက "
" ကလေးကို မွေးပေးခဲ့တဲ့ ကလေးရဲ့ Papaပေါ့ "
"Papa! ဟုတ်လား "
" ဟုတ်တယ်ကလေးရဲ့ Papa ပါ "
" Papa! "
Kirst သခင်ရဲ့လက်ကိုကိုင်လိုက်ပေမဲ့ သခင်ပုတ်ချလိုက်သည်
" သခင် အဲ့လိုမလုပ်ရပါဘူး "
ကလေးမျက်ရည်ကျပြီး
" Papa! ...Papaကဘာဖြစ်တာလဲ ဦး. "
" သားလေးပျောက်သွားတဲ့နေ့က အရူးတပိုင်းကြီးလို့ ခံစားလိုက်ရတယ် အဲ့ဒါကြောင့် ဦး Lady ဆန်းကို အရမ်းမုန်းတာ သူကြောင့် Oonက ရူးသွားတာ အခုသူကိုင်ထားတဲ့ အရုပ်ကို သားလို့ထင်ပြီး ချစ်နေရတာ "
Papa အဖြစ်ကို ကြားပြီး ကျွန်တော့်ရင်ဘတ်အောင့်လာသည် ယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ကိုကိုကဝင်ထိန်းပေးပြီး
" ညီ!! "
" ကလေးရရဲ့လား Yorch ဆရာဝန်မြန်မြန်ခေါ် "
"ရပါတယ် ဦး ကျွန်တော်ဘာမှမဖြစ်ပါဘူး "
Papaက လက်ထဲကကလေးကိုပဲ နမ်းရှုံနေသည် Papaအရမ်းချစ်တဲ့ ကျွန်တော့်ကို Papa မမှတ်မိတော့ဘူး
