Part 10
"ကိုကို ကုမ္ပဏီမသွားသေးဘူးလား "
" ဘာလို့အတင်းကြီး ကုမ္ပဏီလွှတ်နေတာလဲ ကိုကိုကွယ်ရာမှာ ညီမဟုတ်တာ ဘာလုပ်မလို့ လဲ. "
" ကိုကိုဘာလို့အဲ့လို့ပြောတာလဲ အခု ကိုးနာရီခွဲပြီလေ ဆယ်နာရီ ကိုကိုအစည်းအဝေးရှီတယ်ဆို "
" ညီက ကိုကိုအချိန်တွေပါ သိနေပါ့လား "
"ကျွန်တော် ကိုကိုရုံးက မန်နေဂျာ Maxကိုမေးထားတာပါ ကျွန်တော် ကိုကို့ ကို ဂရုစိုက်တာအပြစ်ဖြစ်နေလား "
"ဟုတ်လား ပုံမှန်အတိုင်းပဲ ဆက်ဆံပါညီ လူတွေက အမှားလုပ်ရင် ပိုယဉ်ကျေးပိုလိမ်မာချင်ယောင် ဟန်ဆောင်နေတက်တယ် "
" ကိုကိုပြောတာ ကျွန်တော်နားမလည်ဘူး ကိုကိုစိတ်မကြည့်လို့ လား "
မျက်နှာငယ်လေးနဲ့ ဟန်ဆောင်ကောင်းတဲ့ ညီကို ကျွန်တော့်ဘာမှမပြောတော့ပဲ အိတ်ကိုယူပြီး ကုမ္ပဏီ ထွက်ခဲ့လိုက်သည်
Kirst Pov.
ကိုကို ဘာပြောသွားတာလဲ ကိုကို အမြဲတမ်း စိတ်ကြီးပြီး ဒေါသထွက်နေတာပဲ အခုလည်း ကိုကိုဘာကို အမြင်မကြည့်ပါလိမ့် Kit စိတ်ရှပ်စွာပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်တော့ ဦးအပြင်ကပြန်လာတာ တွေ့သည် လက်ထဲမှာလည်း ပန်းပင်မြှောက်များစွာ ပြီးတော့နောက်ကလူက ပန်အိုးတွေသယ်ပြီး ခြံထဲမှာ ထားပေးသည် ဦးပန်းစိုက်ပြီး ဥယျာဉ်လုပ်ပေးဖို့ ထင်တယ် ဦးကတော့ လူကိုစိတ်ချမ်းသာအောင် အမြဲလုပ်ပေးတက်တာပဲ Kirstပျော်ပြီး အောက်ကို ပြေးဆင်းသွားသည်
"ဦး အပင်စိုက်မလို့ လား. "
"ဟုတ်တယ် ကလေး."
" ကျွန်တော့်လည်းကူမယ် "
ဦးနှင်းဆီပင် သစ်ခွအပင်တွေ စိုက်ရင် လက်က နဖူးကို သုတ်မိပြီး ဦးပါးတွေရော နဖူးမှာရော ရွံတွေပေနေသည်
"ဟားဟား ဟားဟား ဦးပါးမှာ ရွံတွေ. "
" ဦးကိုသာပြောနေတာ ကလေးပါးမှာလည်း ရွံတွေ "
ကလေးအရယ်ရပ်ပြီး မျက်လုံးပြုံးသွားကာ
" တကယ်လား ဦး ဘယ်မှာလဲ ကျွန်တော့်ကို သုတ်ပေး "
ရွံကိုင်ထားတဲ့ ကျွန်တော့်ကို သုတ်ခိုင်းတာကြောင့် ကျွန်တော်ရယ်ပြီး ကလေးရဲ့ဘာမှမရှီတဲ့ပါးပြင်ကို ရွံသုတ်လိုက်သည်
" ပြောင်ပြီလား ဦး. "
" အင်း ပြောင်ပြီး. "
ပြောင်ပြီးဆိုပြီး ဦးကရယ်နေသည် ဦးလက်မှာရွံတွေပေနေတာပဲ
"ဟာ ဦး. "
" ဟားဟား ဟားဟား "
"ဦး ကျွန်တော့်ရေသွားဖွင့်လိုက်မယ် "
"နေနေ ဦးဘာသာလုပ်မယ်. "
Kirst ပြောစကားနားမထောင်ပဲအသွားပိုက်ကို ခလုတ်တိုက်တာကြောင့် ကျွန်တော် လှမ်းဆွဲလိုက်ပြီး Kitရော ကျွန်တော့်ပါ ထပ်ရပ်လဲသွားသည်
" ညီ!!! "
ကိုကို အော်သံကြောင့် ကျွန်တော်ရော့ ဦးပါ ထလိုက်သည်
"ဖောက်ပြန်တဲ့ညီ သစ္စာမရှီတဲ့ ညီ "
ဒေါသကြီးနဲ့ ကိုကိုပြောနေတဲ့ စကားကြောင့် ကျွန်တော်နဲ့ ဦး အံသြပြီး လန့်သွားသည်
