Part 6
" ဒီပိုက်ဆံတွေက "
" ကိုကို့ကို လုပ်ကျွေးတာလေ ဒီမှာကိုကို ကျွန်တော့်ကို အထင်မသေးနဲ့ ကျွန်တော်လည်း ပိုက်ဆံရှာနိုင်တယ် "
" ဒီပိုက်ဆံတွေဘယ်ကရတာလဲ ကိုယ့်ကို အမှန်အတိုင်းပြော ညီ "
" ထမင်းလိပ်လုပ်ပြီရောင်းရတဲ့ငွေ ဦးလုပ်ပေးတာ "
" ဘယ်မှာသွားရောင်းတာလဲ "
" ပန်းခြံထဲမှာ. "
"ဒီလူကြီးက ဘယ်လိုလူပါလိမ့် ညီကိုစောင့်ရှောက်ဖို့ မှာထားတာကိုး "
" ကိုကို ဦးကိုအပြစ်မတင်နဲ့ ဦးကအရမ်းတော်တာ "
" အင်းပါ ကိုကိုညီကိုအထင်မသေးတော့ဘူး နောက်ဆို မလုပ်နဲ့တော့ "
ကျွန်တော့်ညီကို ဖတ်ထားလိုက်သည်
" အရမ်းချစ်တယ် ညီ "
" အရမ်းမုန်းတယ် ကိုကို့ ကို "
" ဘာပြောတာ "
ကျွန်တော်ညီနှုတ်ခမ်းကို အကြမ်းပတမ်းနမ်းလိုက်သည်
" လွှတ် လူဆိုးကြီး "
ညီခန္ဓာကိုယ့်ကို ကုတင်ပေါ်ပွေ့ ချီသွားပြီး ညီအဝတ်အစားတွေကို ဆွဲချွတ်လိုက်သည်
"ကိုကို မလုပ်ပါနဲ့ "
"ကိုကိုတို့က လက်ထပ်ထားတာလေ အခုထိငြင်းချင်နေတုန်းလား "
" မငြင်းတော့ပါဘူး ဒါပေမဲ့ မကြမ်းပါနဲ့ ညီနာတယ်လေ ကိုကို "
ညီစကားကြောင့်ကျွန်တော်ရပ်ပစ်လိုက်သည်
"တောင်းပန်ပါတယ် ကိုကို့ကို မင်းကြောက်သွားပြီလား ရွံသွားပြီလား ကိုကိုမင်းကို အရမ်းချစ်တယ် "
Kit ကျွန်တော်နှုတ်ခမ်းကို လာနမ်းပြီး
" ကျွန်တော့် ကိုကို့ ကို မရွံပါဘူး "
ကျွန်တော် Kit ကို ကုတင်ပေါ်မှာ ပြန်လှဲပြီး ပြန်လည်စတင်လိုက်သည် ဖြေးဖြေးလေး ညှင်ညှင်သာသာနဲ့ အချစ်ခရီးလမ်းကို စလိုက်သည်
~~~~~
Kong pov
စနေနေ့အိမ်ပြန်ရက်ရောက်တာနဲ့ သခင် ကြိုက်တဲ့ Pinkmilk ကို ဝယ်ပြီး အိမ်ပြန်လာလိုက်သည်
" သခင်..သခင် "
" ကိုကို "
သခင်ကို ပြေးပြီး ပွေ့ဖတ်လိုက်သည် သခင်က သူလက်ထဲက အရုပ်ကို ဖိထားတာကြောင့်
" ကိုကို သားသားမွန်းနေပြီ.. "
"ဟုတ်သားပဲ ကိုကိုတောင်းပန်ပါတယ် Pinkmilkသောက်ရအောင်နော် "
" သားသားကို အရင်တိုက်မယ် "
" သားသားက ငယ်သေးတယ်လေ သခင်ပဲသောက်နော်. "
" သားသားကမငယ်တော့ဘူး သားသားကကြီးလာပြီ သားသားကို ခိုးသွားကျတယ် ဟီး.. ဟင့်.. .ဟင့် "
"မငိုပါနဲ့ သခင်....မငိုပါနဲ့ "
သခင်ကို ချော့ပြီး သိပ်လိုက်သည်
