15

6.4K 603 30
                                    

(Zawgyi)
ရန်​ကုန်​နှင့်​ပြင်​ဦးလွင်​ကို
8နာရီ​လောက်​ ​မောင်းခဲ့ရသည်​ထင်​သည်
ကျ​တော်​တို့ ခွန်းရဲ့အိမ်​ကို​ရောက်​​တော့
အချိန်​က ည​နေပင်​​စောင်း​နေပြီဖြစ်​သည်
ခွန်းရဲ့ အ​ဖေနှင့်​အ​မေကအလွန်​သ​ဘော​ကောင်း​လေသည်​....ဒီ​နေ့က သင်္ကြန်​အကြို​နေ့ဖြစ်​​သော်​လည်း အချိန်​မရှိ​တော့၍ နက်​ဖြန်​မှသာလည်​ရ​တော့မည်​....အားလုံးခရီးပန်းလာ၍ အမြန်​သာ အနားယူချင်​​နေကြသည်​..

"အိမ်​မှာက အခန်းအများကြီးသိပ်​မရှိလို့
က​လေးတို့​တွေ ၂​ယောက်​၁ခန်း ​နေရမယ်​ထင်​တယ်
အဆင်​​ပြေရဲ့လား"

ခွန်းရဲ့ အ​မေ ဖြစ်​သူကအားနာနာနှင့်
ကျ​တော်​တို့အား​ပြောလာသည်​..
ထိုအခါ အနှီလူသား​လေးသုတက အမြန်​အဆန်​ပြန်​​ဖြေရှာသည်​..လူကြီး​တွေကို သူတို့​ကြောင့်​ဝန်​မ​လေး​စေချင်​သည့်​သ​ဘော...

"ဟာ မဟုတ်​တာ
ရပါတယ်​ အန်​တီရယ်
သားတို့က အဆင်​​ပြေပါတယ်​ 😁😁"

"သား​လေးက ချစ်​ဖို့​ကောင်းလိုက်​တာ
အဲ့ဒါဆို သားတို့ချင်းညှိပြီး နား​တော့​လေ
အန်​တီ သားတို့သမီးတို့အတွက်​ သွားချက်​ပြုတ်​လိုက်​ဦးမယ်​"

"ဟုတ်​"

အိမ်း
နေတာက​တော့ ဟုတ်​ပါပြီ
ယွန်းနဲ့သစ်​က​တော့ ၁ခန်း​နေရမည်
ကျ​တော်​က​တော့ ရှိုင်းနဲ့ ဒါမှမဟုတ်​ ဇွဲနဲ့
၁ခန်းအတူ​နေရန်​ ဆုံးဖြတ်​ထားသည်​...
သို့​သော်​လည်း ချစ်​​သောသငယ်​ချင်းဇွဲက

"ငါက ခွန်းနဲ့ ၁ခန်းတည်းအတူ​နေမှာ😌😌😌"

ဇွဲက​တော့ ​ဖောက်​ပြီ
ဘာပဲဖြစ်​ဖြစ်​ ရှိုင်းရှိ​သေးသည်​ပဲ
ထိုသို့​တွေးတာ မဆုံး​သေး
ချစ်​ရသူ၏ သူငယ်​ချင်းဖြစ်​သူ မြတ်​မင်းဟိန်းက

"ငါက​တော့ ရှိုင်းနဲ့​နေမှာ
လာရှိုင်း သွားမယ်​"

ပြောပြီး ရှိုင်းကိုပါဆွဲသွား​လေသည်
ဆို​တော့ ကျ​တော်​က သုတဇင်​နဲ့​နေရမှာ​ပေါ့😂😂😂
အကုန်​လုံးက သူတို့သက်​ဆိုင်​ရာအခန်းထဲဝင်​သွားကြ​လေသည်​..ကျန်​ခဲ့တာက ကျ​တော်​နဲ့သုတ
ကျ​တော်​ သူ့ကိုကြည့်​မိ​တော့
ခရီးပန်းလာ၍ ထင်​သည်​ မျက်​နှာ​လေးကနီ​နေပြီး
ကျ​တော်​နဲ့၁ခန်းတည်း​နေရမည်​ဖြစ်​၍ အ​နေခက်​​နေပုံရသည်​...
အဲ့​တော့ ကျ​တော်​ကပဲစပြီး​ပြောရ​တော့မှာ​ပေါ့

𝐇𝐞𝐚𝐫𝐭𝐛𝐞𝐚𝐭(𝐙&𝐔)<𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝>Where stories live. Discover now