(Zawgyi)
အချစ်နှင့်စစ်တွင် မတရားသည်ဟူ၍မရှိချေ...*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ကမ်းခြေတွင် ရက်အတန်ကြာအောင်နေခဲ့ပြီး
ပြင်ဉီးလွင်သို့ပြန်ခဲ့ကြလေသည်
ကျောင်းဖွင့်ရက်နီးလာသည်နှင့် အမျှ
အလုပ်များလာကာ အရင်ကကဲ့သို့ လူစုံတက်စုံ
မတွေ့မိကြ..သို့သော် ယောက်ျားလေး 6ယောက်မှာ
မျက်နှာချင်းဆိုင်အခန်းများဖြစ်၍ မကြာမကြာတွေ့ဖြစ်ကြလေသည်.."သုတ ပိစိလေး"
"သုခ ငါ့အတွက် Nicknameတွေ မကုန်သေးဘူးလား"
"မကုန်သေးပါဘူး
အများကြီးရှိသေးတယ် အသဲလေးရဲ့""နားယားတာကွာ😒"
"ဒါနဲ့ သုတ
ကလေး ကိုယ့်ကိုဘယ်တော့အဖြေပြန်ပေးမယ်စဉ်းစားထားလဲ""ငါမိန်းမယူတဲ့နေ့😌"
"သုတ အဲ့လိုမပြောနဲ့ ကိုယ်မကြိုက်ဘူး"
သုခ ထိုသို့ပြောရင်း မျက်နှာမှာသိသိသာသာပျက်သွားပြီး သုတကိုကျောခိုင်းသွားတာကြောင့်
အလိုက်သိသည့် သုတလေးကပင် ချော့ရန်ပြင်တော့သည်"သုခ ငါ့ကိုစိတ်ဆိုးသွားတာလား
ငါ့ဘက်လှည့်ပါဉီး""ဟင့် အင့် အင်း"
ပြန်ဖြေသည့် စကားလုံးတွေထဲတွင် ရှိုက်သံများပါလာသောကြောင့် သုတမယုံသင်္ကာဖြစ်စွာနှင့်မေးမိလေသည်
"ဟင် သုခမင်းငိုနေတာလား"
replyပြန်မရသည့်အပြင်
ကျောခိုင်းထားသော ကိုယ်က တချက်ချက်တုန်သွားသည်မို့ သုတသိလိုက်ကာ
သုခ၏ခါးကိုနောက်မှဖက်လိုက်ရင်း"မငိုပါနဲ့ သုခ
ငါချစ်ရတဲ့မင်းငိုရင် ငါနာကျင်ရတယ်"အံ့သြခြင်းများစွာနှင့် သုခလှည့်ကြည့်လာလေသည်
ငိုထား၍ မျက်ရည်ဥများခိုနားနေသော မျက်လုံးများက သုတအား အံ့သြခြင်းများစွာနှင့်ကြည့်နေသည်
ထိုလူကြီးအား သုတ ငုံထားမတတ်ချစ်မိပါသည်..
သုတ ရုတ်တရပ် သုခ၏နှုတ်ခမ်းပါးပါးလေးအားနမ်းလိုက်လေသည်..."ကလေး ကိုယ့်ကို"
သုခပြောမည့်စကားကို သုခနှုတ်ခမ်းမှမထွက်ကျစေရန် သုတ၏ လက်ချောင်းလေးကတားဆီးလိုက်လေသည်..