Final

9.7K 641 30
                                    

(Zawgyi)

မိုးရာသီကတစ်ဖန်ပြန်လာလေပြီ
အချိန်တွေလည်း ကုန်တာမြန်ခဲ့သည်
သို့သော် ယခင်မိုးရာသီလိုကျတော့်ဘ၀သည်
အထီးကျန်မနေတော့ပါ
ကျတော့်ဘေးတွင် သုခဆိုသော ကျတော့်အနှောင့်အယှက်ကြီးရှိနေလေပြီ....
ခုဆို ကျတော်တို့တောင်ကျောင်းပြီးပြီလေ
သုခနဲ့ကျတော်က တစ်အိမ်မှာသက်သက်နေကြသည်...ဟို၂တွဲလဲ အိမ်ကိုယ်စီနဲ့ပေါ့
ဟို၂တွဲဆိုမှ သူတို့မတွေ့ဖြစ်တာတောင် ၁ပတ်လောက်ရှိပြီ...
သုခနဲ့အမြဲတမ်း Roနေရတော့ သူတို့ကိုမေ့နေတာ
ခုလဲroလိုက်ပါဉီးမယ်....

"သုခ ငါတို့တွဲတာ ဘာလိုလိုနဲ့ ၄နှစ်တောင်ရှိပြီနော်"

(မြန်တယ်လို့ထင်လား
မြန်ရင်မြန်တယ်လို့မှတ်ပါ😌)

"ဟုတ်တယ်လေ ကလေးရဲ့
ဘာလို့လဲ"

"ဒီ၎နှစ်အတွင်း ငါ့ကိုစိတ်မပျက်ဘူးလား"

"တစ်ခါမှတောင်မတွေးဖူးပါဘူး ကလေးရယ်
ဘယ်ချိန် ကိုယ့်ကိုငြီးငွေ့သွားမလဲပဲ စိုးရိမ်နေရတာ"

"ငါကမင်းကိုဘယ်တော့မှငြီးငွေ့မှာမဟုတ်ပါဘူး ကိုကိုရာ"

ကိုကိုတဲ့
ကလေး စိတ်ကြည်နေရင်ခေါ်တဲ့နာမ်စားလေး
အမြဲတမ်းခေါ်ရင် ကျတော်ငြီးငွေ့သွားမှာစိုးလို့တဲ့လေ ကျတော်ကလေးကအဲ့လိုချစ်ဖို့ကောင်းတာ
သူ့သူငယ်ချင်းတွေလို မဟုတ်ဘူး😊

(ဟိုကကြားရင် ကော်ရီးစိစိညက်ညက်ကြေနေမှာတော့မြင်ယောင်သေး 🙂)

"ကလေး
ကိုကို့ကို အမြဲတမ်း ကိုကိုလိုခေါ်လို့မရဘူးလား
အချစ်"

"မရပါဘူး တော်ကြာ မင်းကငြီးငွေ့သွားရင်
ဘယ်လိုလုပ်မလဲ"

"မငြီးငွေ့ရက်ပါဘူး ပေါက်စရယ်
နော် ခေါ်ပါ ကိုကိုလို့
ကိုယ့်ကိုမချစ်ဘူးလား :"(  "

"ပြီးရော ကိုကိုရာ
ရုပ်ကြမ်းကြီးနဲ့မနွဲ့ပါနဲ့ တော်ကြာငါအိပ်မက်ဆိုးမက်ရင် မင်းမလွယ်ဘူး ကိုကိုဆိုတဲ့အကောင်"

"အရမ်းRoတာပဲ ချစ်ဆုံးလေးရယ်
ဒီကကိုကိုက ကလေးအိပ်မက်ဆိုးမမက်အောင်
ဖက်အိပ်ပေးမယ် အဲ့တာမှမရရင် ကလေးအပေါ်ကနေ အနစ်နာခံပြီးအိပ်ပါ့မယ်"

𝐇𝐞𝐚𝐫𝐭𝐛𝐞𝐚𝐭(𝐙&𝐔)<𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝>Where stories live. Discover now