ဦး - ၁၆

18K 1.8K 112
                                    

Zawgyi

ဦး
အပိုင်း-၁၆

"သားငယ်..."

"ဗျာ ဦး"

"အိပ်ချင်တယ်"

"ဟုတ် သားငယ် ယပ်ခတ်ပေးမယ်နော် ကားက
ခနနေရောက်မှာနော် ဦး အိပ်တာ ခနလေးဆို
ခေါင်းကိုက်နေမယ် နေကပြင်းကပြင်းနဲ့"

"သီချင်းဆိုပြ.."

"ဗျာ "

မှောက်ရက်လေး ခေါင်းအုံးပေါ်မေးလေးတင်ကာ သူနားထောင်ရန် အဆင့်သင့်ဖြစ်နေပြီဟု
ပြောပြနေသယောင်
အဖျားသွေးကြောင့်ရော ရှက်သွေးကြောင့်ပါ
အနည်းငယ်ရဲသော မျက်နှာက သားငယ်
ကြည့်မ၀နိုင်။

ဂစ်တာအဟောင်းလေးကို ကြိုးတွေပြန်ညှိရင်း
ချစ်ရသူ စိတ်ကျေနပ်အောင်
ဘယ်သီချင်းဆိုပြရပေမည်နည်း
အသက်ချင်းအတော်ကွာသည့်နော်
ခေတ်ချင်းလဲကွာသည်
သားငယ်တို့ခံစားသည့်အချစ်သီချင်းဆိုတာ
ဝေလတို့ ဘန်နီဖြိုးတို့
ဦးတို့ခေတ်က ခံစားသည့်အချစ်သီချင်းဆိုတာ
လေးဖြူ တို့ဘာတို့များလား

"မူယာလေးမော့မော့ ဆံနွယ်ကျော့ကျော့မှာ
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ
လှပါတယ် မေရယ် ပန်းလေးတစ်ပွင့်လို"

ဖုန်း
မျက်နှာထက်ပျံဝဲလာသော ခေါင်းအုံးကြောင့် ရှောင်ချိန်တောင်မရလိုက်

"ငါက မိန်းမလားကွ ငါ့ကြည့်ပြီး အဲ့တာကြီး
ဆိုနေရအောင်
ပြီးတော့ ဘိုးတော်ဘုရားလေးဘက်ကုန်းက
သီချင်းကြီး
ပြောင်းဆိုစမ်း"

//အမလေး လူကသာ မလှုပ်နိုင်သာ
စိတ်ကလဲကြီးချက် //
မျက်စောင်းတွေ ပစ်ထိုးနေသော ဦးကို အချစ်ပိုတိုးကာ သားငယ် ပြုံးဖြီးဖြီး

ဦးက သူသီချင်းဆိုတာ နားထောင်ချင်တာထက်
သူတို့နှစ်ယောက်နဲ့ပတ်သတ်တာကို
ဆိုစေချင်နေတာများလား
သားငယ်သည် မကောင်းသော ဥာဏ်ရည်ကို အရည်ထွက်မတတ်ညှစ်ထုတ်စဉ်းစားနေရလေသည်။
ဖြစ်နိုင်ရင် သိပ်ချစ်ဖို့ကောင်းနေတဲ့ ဦးကို
ကျားတစ်ကောင်လို ထပ်မံခုန်အုပ်လိုက်ချင်
သေးသည်။
ထိုစဉ် အိမ်ရှေ့ဖြတ်သွားသော ထီသည်မှ သားငယ်ကို စပွန်ဆာပေးလိုက်လေသည်။

ဦးحيث تعيش القصص. اكتشف الآن