ဦး - ၂၁

19.4K 1.9K 68
                                    

Zawgyi

ဦး
အပိုင်း(၂၁)

"ရန်ရန် မြေးလေး သတိရလာပြီလား မြေး"
"ဒယ်ဒီ"

ခပ်တိုးတိုးခေါ်သံကြောင့် ဖွားအေလုပ်သူတစ်ယောက် သက်ပြင်းသာချမိတော့သည်။
ဖုန်းလဲပိတ်ထား အလုပ်မှာလဲရှိမနေဘဲ ဘယ်ရောက်နေမှန်းမသိတဲ့ သားတော်မောင်ကိုသာ မေတ္တာပို့ရတော့မလို။
တစ်ဦးတည်းသောသားလေးမို့အလိုလိုက်ထား နိုင်ငံခြားပညာသင်ဖို့လွှတ် အသက်၁၈နဲ့ကလေးတစ်ယောက်အဖေ ဖြစ်လာတယ်။
ကလေးအမေက စီးပွားဖက်အသိုင်းအ၀ိုင်းကမို့တော်ကာကြံသေး ကလေးအရွယ်မရောက်ခင်ကွဲကြပြန်သတဲ့။
တစ်ဦးတည်းသောသားကမွေးတဲ့တစ်ဦးတည်းသောမြေးလေးမို့ အချစ်ပိုရပေမယ့်
မွေးရာပါနှလုံးရောဂါသည်လေးမို့ ဒီအသက်အရွယ်ထိရှင်သန်လိမ့်မယ်လို့ ကို သူ့မှာ မမျှော်လင့်ရဲခဲ့။
သားပြီးတော့ မြေးပါဆက်ပြီး အလိုလိုက်နေရတာ။
အသက်၃၆ အရွယ် သားတစ်ယောက်က ခုထိကလေးနဲ့အပြိုင် စိတ်ကောက်ရန်ဖြစ်နေတုန်း။
ဒီတစ်ခါတော့ ဘယ်လိုတွေတောင်ဖြစ်ကြလို့ ကလေးကသတိလစ် ဖအေက အစအနပျောက်နေသည်မသိ။

"မြေးဒယ်ဒီ ပြန်လာမှာပါ မြေးရယ် ထပါဦး တစ်ခုခု စားမှဖြစ်မယ်"

အိပ်ယာတစ်ဖက်ခြမ်းကိုလှည့်သွားတဲ့ ကောင်လေးကတော့ မျက်ရည်တွေကိုဘဲအဖော်ပြုနေပေလိမ့်ဦးမယ်

ရန်ရန့်ကိုပစ်မထားပါနဲ့ဒယ်ဒီရယ်

တစ်ပတ်လုံးဒယ်ဒီပြန်မလာခဲ့။
လက်မှာသွင်းထားတဲ့ဆေးထိုးအပ်တွေကြောင့်နာတဲ့အခါတိုင်း အရင်လိုဒယ်ဒီရင်ခွင်ထဲအော်ငိုသောင်းကျန်းပစ်ချင်သည်။
မဟုတ်တာ ရန်ရန် အဲလိုတွေဆိုးရင် ဒယ်ဒီပိုမုန်းမှာပေါ့နော်
ရန်ရန် လိမ်လိမ်မာမာနေမှာမို့ ပြန်လာပါဒယ်ဒီရယ်

အိပ်ယာထဲလှဲနေရင်းနဲ့ကို မောဟိုက်နေသည့် နှလုံးကြောင့် အပြင်ထွက်ကာ ဒယ်ဒီကိုရှာဖွေဖို့လဲမဖြစ်နိုင်။
ဒယ်ဒီပြန်အလာကိုသာ မျှော်နေရသူမို့
ဒီထက်ကြာကြာ ပစ်မထားပါနဲ့တော့။

..................................................

အိမ်အောက်က ကားသံနဲ့အတူ အပြေးအလွှားသတင်းလာပေးတဲ့ အိမ်အကူအမကြီးကြောင့် ဒယ်ဒီပြန်လာတာကိုသိခွင့်ရသည်။
အားယူက ထထိုင်ရင်း စိုးရိမ်တကြီး ပြေးဝင်လာမယ့် ဒယ်ဒီခြေသံကိုနားစွင့်နေမိသည်။
ကျောလေးပုတ်ကာ ချော့မည်ဒယ်ဒီရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုမိပေလိမ့်မည်။

ဦးDonde viven las historias. Descúbrelo ahora