ZAWGYINotice:don't read,don't vote
တနေ့နဲ့တနေ့ အရွဲ့တိုက်ခြင်းအနုပညာက မင်းကြောင့်ငါတတ်ခဲ့တာပါ လို့များ
တခမ်းတနားရွတ်ဆိုမိရင် ရူးလိုက်လေခြင်းလို့မင်းပြောမလား Kang Hun။အာ...သေချာတာပေါ့ မင်းပြောမှာပေါ့။
ငါရည်းစားအဖြစ်ထားတဲ့ မင်းမေဂျာကစော်တွေ၊ဘဲတွေ၊
အဆုံးမင်းအနားကသူငယ်ချင်းတွေနဲ့ပါ အီစီကလီမင်းရှေ့မှာထုပြဖြစ်သေးတာကိုလေ
မင်းနည်းနည်းဆိုနည်းနည်းလေးတောင် သဝန်မတိုဘူးလား။ငါက မင်းများဖွင့်ပြောမလားဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ bisexual လို့ခံယူလိုက်တယ်။မင်းက စောက်ဖက်တောင်မလုပ်၊ကောင်းတာပေါ့။
နောက်ဆုံးတော့ ငါက ရည်းစားများတဲ့ကောင်ကိုဖြစ်လို့။မင်းမေဂျာနဲ့ ငါ့မေဂျာဝေးချက်ကိုမင်းလည်းသိရဲ့၊
ငါစောက်ပျင်းထူမှန်းလည်းမင်းသိရဲ့၊
ဒါတောင်မှ ချောင်းပေါက်မတတ်လာတဲ့ငါ့ကို
စော်ဖန်ဖို့ဆိုတဲ့အတွေးလောက်နဲ့ပဲကန့်ထားတယ်နော်။
ငါကမင်းကိုတွေ့ချင်လို့ပါလို့ ဘာလို့မတွေးတာလဲ။တဆိတ်လောက် မင်းငါ့ကိုသူငယ်ချင်းထက်များမပိုဘူးလားလို့မေးမိရင်၊
မင်းက ငါ့ညီလိုပဲလေလို့ပြန်ဖြေတဲ့အခါ ငါမင်းကိုဘယ်လောက်အရေခွံဆွဲချွတ်ချင်စိတ်ပေါက်လည်းမင်းသိလား။မင်းကလေ ကျန်တဲ့နေရာမှာသာမသွက်တာ၊ငါ့ကိုမိန်းမကြီးကျနေအောင် ရန်တွေ့တတ်တာတော့မင်းတအားသွက်တယ်နော်။
ငါကမိန်းမကြီးကျနေတာပဲ အခြောက်လားလို့ရွဲမေးရင်
မင်းအမလွှတ်လိုက်လေလို့ပြောတဲ့ပါးစပ်ကိုဖိနပ်နဲ့နင်းပိတ်ပစ်ချင်တယ်နှုတ်သီးကောင်းလျှာပါးလို့ပြောမိရင်စိတ်ကတစ်တောင်လောက်နဲ့လက်ပြတ်ကြီးနဲ့လာလာဆော်တတ်သေးတယ်နော်။အခုတလောငါခြေငြိမ်နေတယ်မထင်ဘူးလား။
ငါမင်းကိုဝန်ခံလာအောင်လုပ်မယ့်အစီအစဉ်တွေကိုကြိုချနေတယ်လို့ပြောလို့ရသား။အရှေ့ကနေ သူအကြိုက်ဆုံးလို့ပြောထားတဲ့ ဒီကန်တင်းမှာပဲရပါတယ်ဆိုတဲ့ ပီဇာကြီးကိုသူကမှာပေးနေလေရဲ့။
ငါတကယ်မကြိုက်မှန်းမင်းမသိဘူးနော်။
အေးပေါ့၊ပြစရာစောက်ကြောင်းကဒါပဲရှိတာကို၊
မင်းမေဂျာကကန်တင်းကိုငါကစောက်ရမ်းသဘောကျနေတယ်များမှတ်နေလား။
![](https://img.wattpad.com/cover/184521681-288-k285307.jpg)
YOU ARE READING
LAST||VHOPE||(COMPLETED)
Fanfictionပထမဆုံးတွေကိုတမ်းတမိလို့ နောက်ဆုံးတွေကိုသတိမထားခဲ့မိတာထင်ပါရဲ့ မောင်~ ပထမဆုံးတွေကိုတမ်းတမိလို့ နောက်ဆုံးတွေကိုသတိမထားခဲ့မိတာထင်ပါရဲ့ မောင်~ @vhope START DATE-15.4.2019 END DATE-27.9.2019 Status-COMPLETED