LAST_6

1.2K 170 8
                                    

Taehyung ၏အိမ်အတွင်းခြေလှမ်း၍ပင်မဝင်ရသေးခင်ပင်၊လူအများသည်အိမ်အတွင်းမှ နှင်းဘူးနဲ့ ကြိုးဘူးဖြင့်ကြိုဆိုလေသည်။ဤလူအတွင်းတွင် ဖေဖေနှင့်မေမေအပြင်မမပါအပါအဝင်ဖြစ်နေ၍ပါးစပ်အဟောင်းသားဖြင့် ကြည့်မိတော့ Taehyungက သူ့ရဲ့အပြုံးချိုချိုကိုကျနော့်အားစွန့်ကြဲလေ၏။

"သားငယ် ၊"

မားမား၏ပြုံးတုံ့တုံ့ခေါ်သံသည် သူ့အသည်းစိုင်အားထိုးခွင်း၍နေပါ၏။
ကျနော်လက်ထပ်သွားပြီးရင်အိမ်ခွဲနေရမှာအသေအချာပါပင်။သားငယ်ဆိုသည်ကိုကျနော်နေ့တိုင်းကြားရမည်မဟုတ်ပါ။

"ဘယ့်နှဲ့ မင့်သားက သူများအိမ်မှာ ငိုဖို့စီစဉ်နေပြီ"

"ဟာ ဖေဖေ သား မငိုပါဘူး "

အိမ်အပေါက်ဝမှာတင်လာဖဲ့နေသည့်ဖေဖေကိုနှုတ်ခမ်းဆူဆူဖြင့်ပြန်ပြောလိုက်၏။

"ဦးရယ် အကို့ကိုမနောက်ပါနဲ့ အကိုကပျော်လို့ပါနော့"

Taehyungကို မကြည်ကြည့်တချက်စွန့်ကြဲရင်း မငိုပါဘူးဆို ဟူသည့်ဤစကားတခွန်းကိုသာစွန့်ကြဲမိပြန်၏။

"လာ အကို ကျနော် ဦးတို့ကိုဖုန်းဆက်ပြီး အိမ်ကိုဖိတ်ထားလိုက်တာ တခါတည်း ရက်သတ်မှတ်ကြရင်မကောင်းဘူးလား "

"ဟာကွာ "

ဟုသာ အသံတိတ်ရည်ရွတ်မိရင်း၊ ကျနော့်ထက်ပိုသေချာစေ့စေ့စပ်စပ်လုပ်တတ်တာကိုချီးကျူးမိ၏။အင်း၊ဒီအတိုင်းဆို မင်္ဂလာရက်မြတ်က ထင်သည်ထက်ပိုစောတော့မည်။

"သားက ဓာတ်ပုံထဲကထက် ပိုခန့်ချောတာပဲ"

ဆံပင်ခပ်တိုတိုဖြင့် အန်တီသည် Taehyung ၏ရုပ်နှင့် ခပ်ဆင်ဆင်တူသည်ကြောင့် အသာခါးကိုင်းရင်းနှုတ်ဆက်ဖြစ်၏။

"အဲ့လောက်လည်းမဟုတ်ပါဘူး အန်တီ~"

စိတ်ထဲတွင်တော့ ကျနော်ခန့်ချောတာသိပြီသားပါဟုခပ်ပြုံးပြုံးလုပ်မိ၏။

"အကို မောင်တော်တယ်မှတ်လား "

သူ့နားနားကပ်၍တိုးတီးပြော၏။စကားအဆုံး သူ့နားရွက်ကိုပင်ခပ်ဖွဖွကိုက်ဆွဲသွားသည်။နီတဲတဲဖြစ်သွားသည့်မျက်နှာသည် အရှေ့မှ မိသားစုဝင်တွေပါမြင်ပြီး ခပ်ကျိတ်ကျိတ်ရယ်နေကြသည်ဖြစ်၍ပို၍ရဲဆေးတင်ပါ၏။
တကယ်ပါပဲကွာ၊မင်းကတော့ ရဲလွန်းတယ်။

LAST||VHOPE||(COMPLETED)Tempat cerita menjadi hidup. Temukan sekarang