LAST_4

1.3K 188 20
                                    

ZAWGYI

"မင်းတို့ တွဲနေပြီဆိုတာ taehyung ပြောမှပဲသိရတယ်နော် "

မေဂျာကအတန်းတွေစိပ်နေသောကြောင့် သူတို့ကန်တင်းဆီမလာဖြစ်တဲ့ရက်တွေအတွင်းသူတို့ကသာ ကျနော့်မေဂျာဖက်ကိုရောက်လာကြသည်။

ကျနော်ကမပြောရသေးခင် Taehyungကအရင်ပြောလိုက်တာလေးပဲရှိတာကိုဘာလို့အဲ့ကိစ္စပဲလာလာပြောကြမှန်းနားမလည်နိုင်။အခုတော့ခေါင်းသာငြိမ့်ပြရသည်။နာမည်မမှတ်မိသောရည်းစားဟောင်းတွေရဲ့ကုန်းစကားတွေကိုလည်းTaehyungကအသာခေါင်းငြိမ့်၍သာပြုံးပြီတုံ့ပြန်သည်။ပုံစံကနည်းနည်းတော့ကြောက်ဖို့ကောင်းသည်။

Kim Taehyung က သူ့သူငယ်ချင်းတွေနဲ့တော်တော်လေးကိုရင်းနှီး၍နေသည်။အထူးသဖြင့် Jungkookနဲ့သာ၍ပင်ရင်းနှီးသည်။
Kang Hunတောင် မင်းစီနီယာကငါပါကွာပြောယူရသည်။

ညအိပ်ချိန်တိုင်း အတွေးစိပ်သည် သို့သော် Kang Hunမဟုတ်၊ကျနော့်ရဲ့နှလုံးသားထဲများ ဝင်နေပြီးလားဟုတွေးမိသော်လည်းသူလက်မခံနိုင်ပါ။
ဘာကြောင့်လဲ ဘာလို့ချစ်ရမှာလဲ။ဟင့်အင်း၊မဖြစ်နိုင်ဘူး။

"အကို ဘာတွေ တွေးနေပြန်ပြီလဲ "

ထမင်းလိပ်သည် သူ့ပါးစပ်နားတွင်ဝဲနေပြီဖြစ်၍ သူသည် ဘေးနားရှိ သူက လက်တစ်ဖက်ဖြင့် တူကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်ကာ ပါးစပ်မဖွင့်မချင်းဒီတိုင်းနေမည့်ပုံ။
သူလည်း အသာပြုံးမိရင်း ပါးစပ်ကိုဟပေးလိုက်သည်။မိယောနိနှင့်ရေညှိထမင်းလိပ်သည် ပါးစပ်ထဲ တိုးဝင်လာသည်။သူစားဖူးသမျှထဲတွင်အကောင်းဆုံးဖြစ်၍နေသည်။

"ဟျောင့်တွေကွာ အသည်းကွဲနေတဲ့ ငါ့ကို နည်းနည်းသနားကြပါကွာ "

"ဟုတ်သားပဲ မောင်မေ့နေတာ "

"ဟုတ်တယ်နော် ငါတို့ဆင်ခြင်သင့်တာကို"

Jiminရဲ့ ဆဲသံလေးနဲ့အတူ အနုပညာမေဂျာနားက ကန်တင်းကလည်း ရယ်သံတွေနဲ့ဆူညံသွားသည်။

"Jimin စောက်ပိုတွေမလုပ်နဲ့ ပြီးရင် နောက်တပွေထပ်လိုက်မှာကိုများ "

Jungkookရဲ့ မကျေမနပ်အသံကဝိုင်းထဲထွက်လာသည်။သို့သော်စပ်ဖြီးဖြီးဖြင့်ဖြစ်သည်။အကျိုးနည်းမှန်သည်ဆိုတော့လည်း jiminငြိမ်သာငြိမ်နေသည်။မျက်စောင်းအတောင့်လိုက်ကိုတော့Jungkookကပြုံးပြုံးကြီးလက်ခံ၍နေသည်။

LAST||VHOPE||(COMPLETED)Onde histórias criam vida. Descubra agora