ZAWGYI
"လက်ထပ်ကြရအောင် Taehyung"
ချစ်သူသက်တမ်းတစ်နှစ်ခွဲကျော်နှင့်ဤစကားသည်ဤကဲ့သို့အခြေအနေတွင်ဖြစ်ပေါ်တတ်သည်လားတော့သူလည်းမသိ၊သူ့စိတ်အခြေအနေသည်ဤနှစ်တွေအတွင်း လုံးဝမကြည်လင်နေခဲ့ပါ၊
အချစ်ဦးအားမချစ်မိတော့ပါလားဟူသည့်အတွေးစိတ်သည်သူ့အားညစဉ်နှိပ်စက်၍နေပါသည်။မချစ်ပါသည်ဟု၊တလောကလုံးအားဗြောင်းဆန်၍ငြင်းဆန်ပါသော်ငှါ၊အမှန်တရားသည်သီးသန့်၍ရှိနေခဲ့ပါသည်။
'Taehyung ကိုချစ်လည်းမချစ်ပဲနဲ့'ဆိုသည့် သူမ၏messageတွေသည်၊သူမအားတော့ မှန်သည်ဟုပြန်၍ပို့မိပါသော်လည်း၊ရင်နာ၍အသက်ရှူမဝမိတော့ပါ။သူမ၏လက်လွှတ်စေချင်သည့်စိတ်သည်
သူ့ကိုယ်သူဆန်းစစ်ချိန်များပေးပါသည်လားဟူ၍တွေးမိရတော့၏။'Kang Hunကို oppaချစ်နေတာ taeကအစောကြီးကတည်းကသိခဲ့ပြီးသား '
ဟူသည်ကြောင့် သူ့အားဒဲ့တိုးရှင်း၍မေးခဲ့ဖူးပါသည်။သူ့ဖက်ကပိုင်နိုင်စွာပင် အကိုမောင့်ကိုချစ်လာမှာသိနေခဲ့လို့ပေါ့အကိုရယ်ဟူသည့်နှုတ်ထွက်စကားအရာရာသည်၊ကျနော့်အားကျရှုံး၍သွားစေသည်လား၊အစောကြီးကတည်းကပင်ကျရှုံးနေခဲ့သည်လားသူမသိ၊သူ့အားသိုင်းဖက်ကာသူ့ပုခုံးပေါ်တွင်ခေါင်းတင်၍ငိုခဲ့မိဖူးပြန်သည်။ထိုအချိန်က သူ့ပါးစပ်၏နှုတ်ထွက်စကားသည်ကား၊
'ငါ့ကိုယုံကြည်ခဲ့ပြီး ချစ်ခဲ့လို့ မင်းကို ကျေးဇူးပါ'
ငါကသာမင်းအပိုင်လို့သတ်မှတ်ပစ်လိုက်သည်။ကျနော်သိပြီးနောက်ပိုင်းတွင်တော့ Kang Hunနဲ့သူ့အကြားသဝန်တိုမူကပို၍သိသာလာပါသည်။
ဤအချိန်တိုင်းတွင် kang hunရှေ့တွင် သူ့ရင်ခွင်ထဲနေ၍ပြသည်၊သူ့အားအနမ်းများရက်ရက်ရောရောစွန့်ကြဲသည်။တစိုးတစိမျှမငြိုငြင်စေလိုပါ။ဤသည်တွင် kang hunအား အရွဲ့တိုက်စေလိုစိတ်မရှိဆိုသည်အား အကြွင်းမဲ့ယုံကြည်ပါလေ။သူမဖြစ်သူကတော့ အခင်းဖြစ်ရပ်များအား 'Taeနဲ့ သူသဝန်တိုပြီးဖွင့်ပြောလာအောင်လုပ်တာရပ်ပါလား oppa taeကိုအသုံးမချပါနဲ့တော့'ဟုဤသို့ဤသို့နှယ်သူ့အားချေပပါသည်။အတိတ်ဖြစ်ရပ်များအားပြန်ပြောင်း၍အမှားမြင်အမှန်ပြင်ပါသော်ငှါ၊သူမအားတော့ သူစိတ်တိုအောင်၊တနည်း ဒဏ်ရာဆွပေးရသည်ကိုကျေနပ်၍အပျော်ကြီးပျော်ပါသည်။
သူမကဒါဟုထင်ပါသော် သူသည်လည်းဒါပါဟု အမှန်ကိုမပြင် အမှားကိုထောက်ရှုရသည်ကိုသဘောကျပါ၏။
ESTÁS LEYENDO
LAST||VHOPE||(COMPLETED)
Fanficပထမဆုံးတွေကိုတမ်းတမိလို့ နောက်ဆုံးတွေကိုသတိမထားခဲ့မိတာထင်ပါရဲ့ မောင်~ ပထမဆုံးတွေကိုတမ်းတမိလို့ နောက်ဆုံးတွေကိုသတိမထားခဲ့မိတာထင်ပါရဲ့ မောင်~ @vhope START DATE-15.4.2019 END DATE-27.9.2019 Status-COMPLETED