LAST_3

1.4K 224 2
                                    

ZAWGYI

Notice:Don't read,don't vote

ဝင်တော့မည့် နေညိုညိုနှင့် ဟန်မြစ်ကမ်းနဘေးသည်အရမ်းလှပနေပါသည်။ဟန်မြစ်သည် သူတို့လူမျိုးတွေအတွက် အနားယူအပန်းဖြေချင်မူကိုပေးသည့် နာမည်ကြီးနေရာလည်းဖြစ်သလို နာကျင်မှုအပေါင်းကိုယူဆောင်သွားနိုင်သည်ဟုနာမည်ကြီးသောနေရာလည်းဖြစ်သည်။အရာတိုင်းက အကောင်းနှင့်အဆိုးဒွန်တွဲမြဲပင်ဖြစ်၏။

မနက်ပိုင်း cafe မှထွက်ပြီး အိမ်တွင်းသာပုန်းနေဖြစ်သည်။တီဗီကြည့်လိုက် ဖုန်းကြည့်လိုက်လုပ်နေသော်ငှါ စိတ်အာရုံသည် ဘယ်မှာမှမရှိပဲလေလွှင့်နေသလို။
အမှန်တော့ ဘာကိုမတည်ငြိမ်ချင်သည်သူကိုယ်တိုင်လည်းမသိ။အခုချက်ချင်း Kim Taehyungကို ချစ်ပါသည်ဟုအဖြေပေးချင်နေစိတ်ကိုသူထိန်းထား၍မရ။
အိပ်ကြည့်ပြန်တော့လည်း မျက်နှာကျက်ကိုသာမျက်လုံးဖွင့်စိုက်ကြည့်နေမိသည်။အိပ်၍တော့မပျော်သွားပေ။

ထို့ကြောင့်သာ မနက်ဖြန်ဖြစ်ဖြစ်ဒီနေ့ဖြစ်ဖြစ်အတူတူပဲဟူ၍စိတ်အာဟာရကိုဖြည့်တင်းရင်း ဤနေရာသို့ထွက်လာမိခြင်း။ဤတခုတည်းလားဟုဆိုရအောင်လည်း မဟုတ်သေးပါ။
Kim Taehyung အား ဖုန်းဆက်၍ခေါ်ထားခြင်းအပါအဝင်ဖြစ်၏။

အဝါရောင်hoodie နှင့် အစိမ်းရင့်ရောင် ချည်နှင့်ဂျင်းရောဖြစ်သည့်ဘောင်းဘီခပ်ပွပွကိုဝတ်ဆင်ထားသည့်သူက ဟန်မြစ်ကမ်းရဲ့လေနုနုနှင့် လိုက်ဖက်တင့်တယ်နေသည်ဟုထင်သည်။

"အကို "

သူ့ရဲ့ ခပ်သြသြလေသံသည် လေနုနုကိုခံစားနေရင်းမှ ကြက်သီးတောင်ထသွားစေ၏။သူရောက်လာပြီပဲ။

"Taehyung "

သူအနောက်ကိုလှည့်ငေးရင်း သူနှင့်ပုံစံတူ ဘောင်းဘီဝတ်ထားသည့် သူက တီရှပ်အဖြူကိုသာထပ်ဆောင်းဝတ်ဆင်ထားသောလည်း ကြည့်၍ကောင်းနေပြန်သည်။ယောကျာ်းပီသတဲ့သူကို ချစ်သူအဖြစ်ခဏတော်ရလည်း မဆိုးပါဘူးဟု ခပ်ညစ်ညစ်တွေးပစ်လိုက်သည်။တွဲဖူးသမျှသူတွေထဲမှာတော့ အခန့်ညားဆုံးလူသားသာဖြစ်မည် မဟုတ် ဖြစ်၏။

"အကို မောင့်ကို ဖက်နမ်းချင်အောင်လုပ်နေတာလား "

အင့်၊ သူလူတွေအများကြီးနဲ့ တွဲခဲ့ဖူးပါတယ်၊တစ်ခါမှအဲ့လိုအပြောမခံရဖူးပါ။ရှင်းရှင်း အခြားဘယ်သူ့ဖက်ကမှသူ့ကိုစမနမ်းရဲပါ။

LAST||VHOPE||(COMPLETED)Tempat cerita menjadi hidup. Temukan sekarang