"ငါမလိုက်ဘူးနော်Chae!မင်းတို့ဘာသာသွားကြ..!"
အေးဆေးတည်ငြိမ်သောစကားသံတစ်သံက Coffeeဆိုင်လေးရဲ့လေထုကိုလွှမ်းခြုံလျက် ထွက်ပေါ်လာသည်....
ပြောလိုက်သူက ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့်
စတစ်ကော်လာအဖြူလည်ကတုံးနှင့် ယောပုဆိုးအနက်လေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်.....အရပ်က တစ်ဝိုင်းလုံးတွင် အမြင့်ဆုံးဖြစ်သလို တစ်ဖွဲ့လုံးတွင် အချောဆုံး ကောင်လေးတစ်ယောက်ပင်...
"Tzuyuကလဲကွာ!မင်းကလဲ တစ်နှစ်ထဲပါ...!တခါတလေလိုက်ခဲ့စမ်းပါ..."
ထိုကောင်လေးရဲ့ဘေးတွင်ထိုင်နေသော ကောင်လေးတစ်ယောက်ထံမှ စကားသံထွက်လာသည်..
ထိုကောင်လေးကတော့ပထမကောင်လေးနှင့်
ဆန့်ကျင်ဘက်...
အရိုးခေါင်းပုံပါသောအနက်ရောင်Hoodieတစ်ထည်
နှင့် အပေါက်အပြဲများစွာပါသော ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားသည်...အရပ်ကတော့ တစ်ဖွဲ့လုံးတွင် အပုဆုံးပင်...."ဟုတ်တယ်...!Tzuyu!မင်းလိုက်ခဲ့ပါကွာ...!''
ထိုကောင်လေးနှင့်မျက်နှာချင်းဆိုင်မှ ကောင်လေးတစ်ယောက်က ပြောလာသည်...၀တ်စားဆင်ယင်ပုံက ဒုတိယကောင်လေးနဲ့တစ်ပုံစံတည်းသာ...
မတူတာဆိုလို့ အရပ်က တော်တော်မြင့်ပြီး မျက်နှာထားက အနည်းငယ် တည်သည်...."မလိုက်ချင်ဘူးကွာ..!ဒီလိုမျိုးတွေငါစိတ်မ၀င်စားတာ မင်းတို့သိရဲ့သားနဲ့...Jeongကလဲ!"
Tzuyuကပြန်ပြောလိုက်ရင်း Coffeeတစ်ငုံမော့သောက်လိုက်သည်....
"မင်းကလဲကွာ!သင်္ကြန်ဆိုတာ တစ်နှစ်မှတစ်ခေါက်တည်းရယ်ကို..ပြီးတော့ကျောင်းပြန်ဖွင့်ရင် နောက်ဆုံးနှစ်ဖြစ်တော့မှာကို..!စာတွေနဲ့ပိနေတော့မှာ...!လိုက်ခဲ့စမ်းပါ...!"
အသံပိုင်ရှင်က စားပွဲထောင့်စွန်းတွင် ထိုင်နေသောကောင်လေး....၀တ်စားဆင်ယင်ပုံက ခေတ်ဆန်ပြီး Fashionကျသည်...ပြီးတော့ သူ့ရှေ့တွင် ရှိသည့် စားစရာပန်းကန်များမှာ ကျန်သုံးယောက်၏ ပန်းကန်ထက်များသည်....
YOU ARE READING
True Love In Thingyan[Satzu Completed]
Short Storyအေးအေးဆေးဆေးနေတတ်ပြီး မြန်မာဆန်တဲ့ကောင်လေးနဲ့ ခေတ်ဆန်ဆန်နေတတ်ပြီး ရှပ်ပြာပြာနိုင်တဲ့ ကောင်မလေးတို့နှစ်ယောက်ရဲ့ သင်္ကြန်ဖူးစာ....❤! Happy Myanmar New Year! Readersလေးတွေအတွက် Special Thingyan Series...! 🍁VamRo🍁