သင်္ကြန်အတက်နေ့...
"ဟင်း.......!"
အလိုမကျစွာသက်ပြင်းချသံတစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်.....အမှန်တကယ်ဆို
သူကိုယ်တိုင်လဲ ဘာဖြစ်လို့ဒီလို အလိုမကျဖြစ်နေသလဲဆိုတာကို တွေးမရခဲ့ပါ....ကားပေါ်မှာထိုင်နေသော သူမလေးကို လှမ်းလှမ်းကြည့်ရင်း သူတကယ်ကို နေရတာ သက်တောင့်သက်သာမရှိပါ....
သူမကတော့ အေးအေးဆေးဆေးပဲ သူငယ်ချင်းတွေနဲ့ စကားပြောနေလျက်...အော်ဟော...အခုစိတ်မသက်မသာဖြစ်နေတာ သူတစ်ယောက်တည်းလား....
ဖြစ်နိုင်ပါတယ်...ကိုယ်ကသာ တစ်ဖတ်သတ်သူ့ကိုဆို
မကောင်းမြင်နေသူမို့ သူမလေးဘာလုပ်လုပ် အဲ့လိုတွေးမြင်နေမိတာဖြစ်မှာပေါ့....နှောင့်ယှက်လွန်းတယ်...သူ့ရဲ့အတွေးအာရုံထဲမှာ ၀င်ပြီးနှောင့်ယှက်လွန်းတဲ့ Satanပေါက်စလေး...
လက်ထဲက စက္ကူခွက်ကို ကိုင်ထားရင်း သူMachineခလုတ်ကိုနှိပ်ဖို့ မေ့လျော့နေခြင်းဟာလဲ
သူမလေးပေးတဲ့Side effectတစ်ခုရယ်...တိတ်ဆိတ်စွာငေးကြည့်နေရင်းသူမလေး
ရုတ်တရက် သူ့ဘက်သို့လှည့်လာချိန်တွင်တော့ သူကမန်းကတန်း တစ်ဖက်သို့ လှည့်လိုက်မိသည်....မလုံမလဲနဲ့ Machineကိုသာအာရုံစိုက်နေသည့်
ပုံစံနှင့် ခလုတ်ကိုနှိပ်လိုက်တော့ Coffeeရည်
အညိုပျစ်ပျစ်တွေဟာ တတောက်တောက် စီးကျလို့လာသည်....Coffeeတွေကို ခွက်နဲ့အသာခံထားရင်း သူအတွေးတို့က မြောလွင့်သွားခဲ့ပြန်သည်...
ရင်ထဲမှာ မရှင်းလင်းသော စကားလုံးတွေများစွာ ရှိသည်...အဖြေမရှိသော မေးခွန်းတွေက သူ့ကို စိတ်ရှုပ်ထွေးစေသည်...
ဘာကြောင့်ဒီလိုတွေဖြစ်နေရသည်ကို သူကိုယ်တိုင်လဲမသိ...သူနဲ့ Sanaဆိုသော ကောင်မလေးရဲ့ကြားက ဆက်ဆံရေးတွေဟာ
သိပ်ကို နားလည်ရခက်လွန်းသည်....

DU LIEST GERADE
True Love In Thingyan[Satzu Completed]
Kurzgeschichtenအေးအေးဆေးဆေးနေတတ်ပြီး မြန်မာဆန်တဲ့ကောင်လေးနဲ့ ခေတ်ဆန်ဆန်နေတတ်ပြီး ရှပ်ပြာပြာနိုင်တဲ့ ကောင်မလေးတို့နှစ်ယောက်ရဲ့ သင်္ကြန်ဖူးစာ....❤! Happy Myanmar New Year! Readersလေးတွေအတွက် Special Thingyan Series...! 🍁VamRo🍁