ခဏအကြာ call endလိုက်ရင်း phအိတ်ထဲသို့
ပြန်ထည့်လိုက်စဉ် အေးစက်စက်ခံစားမှုနှင့်အတူ ကိုယ်ကိုရွှဲရွှဲစိုသွားတဲ့ Cocktailတွေနဲ့ သူ့ရင်ခွင်ထဲကို
ယိုင်ကျလာတဲ့မိန်းကလေးတစ်ယောက်....သူမျက်ခုံးတွေပင့်တက်သွားကာ....
"ဟေ့....မင်း..!"
Tzuyu သတိပေးလိုက်ရင်း သူ့ရင်ခွင်ထဲကို ယိုင်ကျလာသည့် ထိုကောင်မလေးကို ကမန်းကတန်း ဖမ်းထိန်းလိုက်ရသည်...
သူ့လက်တွေက ထိုကောင်မလေးရဲ့ ခါးသွယ်သွယ်လေး
ကို ရစ်ပတ်လျက်ရှိပြီး ထိုကောင်မလေးရဲ့တစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲမှာ...အပေါက်အပြဲများစွာပါသော အနက်ရောင်အင်္ကျီလက်ရှည်က မသပ်မရပ် ဖို့ရို့ဖားရားနှင့်.....ဘောင်းဘီတိုအဖြူကလဲ မမြင်ဝံ့မကြည့်ဝံ့လောက်အောင် တိုလွန်းလှသည်...
ဖြူနုသောအသားစိုင်တွေက အထင်းသားမို့ သူရှက်သွားကာ တစ်ဖက်သို့ ကမန်းကတန်း မျက်နှာလွှဲလိုက်ရသည်....သူလက်လွှတ်ပေးရန်ပြင်လိုက်သော်လည်း သူ့ကျောပြင်ကို ခပ်တင်းတင်းဖက်တွယ်ထားသော လက်တစ်စုံကြောင့် မျက်လုံးပြူးရပြန်သည်...
ဟင်.....ဒီအနံ့က....!
ထိုကောင်မလေးဆီကလာသော သူအလွန်မုန်းသည့်
အရက်နံ့က သူ့နှာခေါင်းဝသို့ စူးခနဲ......ဘယ်လိုကောင်မလေးမျိုးပါလိမ့်....!ငါတော့ ဒုက္ခပါပဲ..!
သူစိတ်ပျက်စွာညည်းညူလိုက်ရင်း သူ့ကို တင်းကြပ်စွာဖက်ထားသည့် ထိုကောင်မလေးရဲ့လက်ကို ဖြုတ်လိုက်ကာ အသာတွန်းလိုက်သည်....
သူမအနားသို့ ကပ်မလာနိုင်စေရန် ခြေလှမ်းအနည်းငယ်
နောက်ဆုတ်လိုက်ပြီး သူ့အင်္ကျီကို သူပြန်ငုံ့ကြည့်လိုက်တော့ အပြာရောင် Blueberry cocktailတွေက ရွှဲနစ်လျက်....ဟာ....သွားပါပြီ...ဒီနေ့လုပ်ငန်းရှင် အစည်းအဝေးသွားရမှာကို....ဒီပုံစံအတိုင်းဆိုရင်...!
![](https://img.wattpad.com/cover/184709579-288-k224619.jpg)
YOU ARE READING
True Love In Thingyan[Satzu Completed]
Short Storyအေးအေးဆေးဆေးနေတတ်ပြီး မြန်မာဆန်တဲ့ကောင်လေးနဲ့ ခေတ်ဆန်ဆန်နေတတ်ပြီး ရှပ်ပြာပြာနိုင်တဲ့ ကောင်မလေးတို့နှစ်ယောက်ရဲ့ သင်္ကြန်ဖူးစာ....❤! Happy Myanmar New Year! Readersလေးတွေအတွက် Special Thingyan Series...! 🍁VamRo🍁