သင်္ကြန်အကျနေ့.....
"ဟိတ်...!ဘယ်သူလဲပြောကြည့်..!"
သူ့မျက်ဝန်းအစုံကို ဖွဖွလေးပိတ်ကာထားသော လက်ဖ၀ါးနုနုတစ်စုံကြောင့် သူ့နှုတ်ခမ်းများ
တွန့်ချိုးသွားသည်....လက်ပိုင်ရှင်ကဘယ်သူလဲဆိုတာ သူသိနေပြီသားလေ..!
"အင်း...!အရူးမလေးတစ်ယောက်ပဲ...!"
သူရွှတ်နောက်နောက်ပြန်ပြောလိုက်တော့ အနောက်က
ကလေးမဆီမှ ဟွန့်ခနဲအသံထွက်လာသည်...ကြည့်...
ရှဥ့်ပေါက်လေးစိတ်ကောက်သွားပြန်ပြီိနေမှာ..."ဟာ...ကိုကိုနော်..!လူကိုအရူးမလေးဘာလေးနဲ့..!"
ကလေးရဲ့အလိုမကျပြောသံကထွက်လို့လာသည်...
သူဖတ်လက်စစာအုပ်လေးကို ပိတ်လိုက်ရင်း..."အရူးမလေးပဲဟာကို..Kim Sanaရဲ့...!"
သူ့စကားကြောင့် စိတ်ကောက်သွားတယ်ထင်ပါရဲ့...
ကာထားသောလက်ကိုဖယ်လိုက်ကာ နှုတ်ခမ်းကြီးဆူပြီး"ဘာKim Sanaလဲ..!Chou Sanaပါဆို..!"
"အဟား...!ဟုတ်ပါပြီကွာ...!"
ဘောက်ဆတ်ဆတ်နဲ့ရှေ့က အရင်ဆုံး ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားသော ထိုကလေးမနောက်သို့ ပြေးလိုက်ရင်း သူပြောလိုက်သည်...
"သူများက လာခေါ်တာကို...!လူကိုလိုက်စနေတယ်..!
ကိုကိုမကောင်းဘူး..!"ထိုကလေးမက အခုထိ နှုတ်ခမ်းကို ဆူထော်ထားဆဲ...
ဝက်ပေါက်လေးနဲ့ တူလိုက်တာ...သူမလေးသိပ်ကို
ချစ်ဖို့ကောင်းလွန်းသည်...သူအသည်းယားလာပြီမို့ သူမပါးဖောင်းဖောင်းလေး
တွေကို ခပ်ဖွဖွဆွဲလိုက်ရင်း...."လိမ္မာတယ်..!ဒီနေ့တော့ ၀တ်လာတာ တော်တော်လုံခြုံသားပဲ..!"
သူပြောလိုက်တော့ သူမလေးက မျက်စောင်းကလေးဖြင့်
ချစ်စဖွယ်တုံ့ပြန်သည်...ထိုအပြုအမူလေးကြောင့်
သူဘာမှမပြောဘဲ ပြုံးနေမိသည်...

BINABASA MO ANG
True Love In Thingyan[Satzu Completed]
Short Storyအေးအေးဆေးဆေးနေတတ်ပြီး မြန်မာဆန်တဲ့ကောင်လေးနဲ့ ခေတ်ဆန်ဆန်နေတတ်ပြီး ရှပ်ပြာပြာနိုင်တဲ့ ကောင်မလေးတို့နှစ်ယောက်ရဲ့ သင်္ကြန်ဖူးစာ....❤! Happy Myanmar New Year! Readersလေးတွေအတွက် Special Thingyan Series...! 🍁VamRo🍁