နှစ်ဆန်းတစ်ရက်နေ့....
"Chae-ah!ခဏနေကြရင် သံဃာတော်တွေ ဆွမ်းကပ်မှာနော်..!ဘာတွေလိုသေးလဲ စစ်ပါအုံး..!"
အလုပ်လုပ်ရတာ ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ၀တ်ထားသော စတစ်ကော်လာအဖြူလေးရဲ့ လက်ကို တံတောင်ဆစ်နားလောက်ထိ သေသေသပ်သပ် ခေါက်တင်လိုက်ရင်း Tzuyuပြောလိုက်သည်...
"ဘာမှမလိုတော့ဘူးကွ..!အကုန်အဆင်သင့်ဖြစ်နေပြီ..!
စားဖိုက ဟင်းတွေသွားယူပြီး ပြင်ပြီးသွားပြီ..!"ဗီဒိုထဲကပန်းကန်တွေကို ထုတ်ပြီး အ၀တ်စတစ်ခုနဲ့ ပွတ်တိုက်နေသည့် Chaeရဲ့အဖြေစကားကြောင့် Tzuyuခေါင်းညိတ်လိုက်သည်...
အခု သူတို့ နှစ်ဆန်းတစ်ရက်နေ့ အလှူအဖြစ် ဘုန်းကြီးကျောင်းတွင် သံဃာတော်တွေကို ဆွမ်းကပ်ရန် ပြင်ဆင်နေကြခြင်းပင်....
"မင်းကတော့ ဘယ်အချိန်ကြည့်ကြည့် ကြည့်ကောင်းနေတာပဲနော်...အရပ်ရှည်တော့ ဘာဝတ်ဝတ်လိုက်နေတာ...ငါ့မှာတော့ကွာ..!"
Tzuyuကိုအားကျနေသည့်မျက်ဝန်းတွေဖြင့် ကြည့်ရင်းChaeက ပြောလာသည်...
စတစ်ကော်လာအဖြူလေးနဲ့ ကချင်လုံချည် အနီရောင် အကွက်စိတ်စိတ်လေးကို ရိုးရိုးလေး ၀တ်ထားတာတောင်Tzuyuရဲ့
မျက်နှာဟာ တည်ကြည်ခန့်ညားချောမောနေဆဲ...ကျက်သရေရှိလှသော မြန်မာလူမျိုးတို့ရဲ့ ရိုးရာ အ၀တ်အစားဟာလဲ သူ့ခန္ဓာကိုယ်ပေါ်တွင် အလွန်ကြည့်ကောင်းနေသည်...
သူ့နေရာမှာ တခြားသူတွေလိုက်ဝတ်ရင် အ၀တ်အစားတူနိုင်ပေမဲ့ သူ့ရုပ်ရည်ကို ယှဉ်နိုင်သူကား
ရှားလှပေသည်....ရှည်လျားသောအရပ်ကလဲ Chaeလိုစောက်ဂျပုတွေနဲ့ယှဉ်လိုက်ရင်
သူ့ကိုပိုမိုခန့်ညားစေသည်...."Ha Ha..!အေးပါကွာ..!မင်းလိုဂျပုတွေကတော့ ဘယ်မှီမလဲ..!တစ်နေ့တော့ရှည်လာမှာပါ..အားမငယ်နဲ့..!"
YOU ARE READING
True Love In Thingyan[Satzu Completed]
Short Storyအေးအေးဆေးဆေးနေတတ်ပြီး မြန်မာဆန်တဲ့ကောင်လေးနဲ့ ခေတ်ဆန်ဆန်နေတတ်ပြီး ရှပ်ပြာပြာနိုင်တဲ့ ကောင်မလေးတို့နှစ်ယောက်ရဲ့ သင်္ကြန်ဖူးစာ....❤! Happy Myanmar New Year! Readersလေးတွေအတွက် Special Thingyan Series...! 🍁VamRo🍁