Chapter (1) LINEs

1.8K 241 42
                                    

အမေး ။         ။ လူသူကင်းမဲ့တဲ့ကျွန်းကို ပစ္စည်းတစ်ခု သယ်သွားခွင့်ရမယ်ဆိုရင် ..(?)
အဖြေ ။         ။ ViVi

အမေး ။         ။ မနက်ဖြန် ကမ္ဘာပျက်မယ်ဆို ဘာလုပ်မလဲ ..(?)
အဖြေ ။         ။ သမ္မာကျမ်းစာ ထိုင်ရွတ်မယ်

အမေး ။         ။ ချစ်သူရှိပြီဆို ကြေညာမှာလား ..(?)
အဖြေ ။         ။ ရှိတော့မှ ပြောတာပေါ့ဗျာ

မီးဆိုင်းအမြောက်အများ ပံ့ပိုးထားသည့် ခေါင်မိုးမျက်နှာကျက်သို့ ( 1 . 2 . 3 ) တိုင်ပင်ခေါ်၍ အရပ်မျက်နှာ အလင်းခွဲရန် ဟန်ပြရသည်။ ကျွန်တော့်ညွှန်ကြားချက်ဖြင့် ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်တို့က တပြိုင်နက် ရယ်သံနှင့် လက်ခုပ်သံ ချီးမြှင့်ကြသည်။ အစီအစဉ်မှူးနှင့် အကြည့်ချင်း ဆုံ၍ ဘုတ်ပြားကို ထောင်ပြကာ ပိတ်သိမ်းရန် နိဂုံးချုပ်ခိုင်းရသည်။

စတူဒီယိုသည် စည်ကားဆူညံစွာပင် ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသား Oh Sehun နှင့် အင်တာဗျူးစကားပြောခန်းကို အပြီးသတ်ခဲ့၏။

"ပင်ပန်းသွားပါပြီ .."

"ပင်ပန်းသွားပါပြီ PD.nim"

ကျွန်တော့်၏ ဆံပင်ငှက်သပွက်အူသိုက်၊ ဒုတိယကမ္ဘာစစ်လက်ကျန်မျက်မှန်ဝိုင်း၊ မှဲ့ခြောက်ပိစိကွစဖုံးသည့် မျက်နှာတွင်းချိုင့်၊ ရင်အုပ်မမြင်ဘဲ လူအကောင်လိုက်သာ ရှုလျှင် မကွေးသည့်တိုင် သေးသည့် ခန္ဓာရုပ်၊ ဆိုဒ်အလွန့်အလွန် လွန်သည့် အဝတ်တို့ဖြင့် အမေဇုန်ရောက် ပြောက်ကျားစစ်သည်ပမာ အသွင်ကြောင့် များသောအားဖြင့် အနားမကပ်ချင်ကြ။ သို့တိုင် အလုပ်နှင့် ပတ်သတ်လာလျှင်ဖြင့် APRIL.tv ၏ ကြည့်ရှုနှုန်းကို ချုပ်ကိုင်နိုင်သည့် ကျွန်တော့်အား ပယ်၍လည်း မဖြစ်ကြ။

"Oh Sehun ကို ခဏအချိန်ဆွဲထားဦး ... ငါတို့ tv.ANNIVERSARY အတွက် လက်မှတ်ထိုးခိုင်းစရာလေး ရှိသေးတယ်"

ကျွန်တော် ခိုင်းသည့်အခါ ဝန်ထမ်းအမျိုးသားက သိသိသာသာ ငြိုငြင်ဟန် ပြသည်။ မတတ်နိုင်။ စာချုပ်အရသော်၎င်း နားလည်မှုအရသော်၎င်း ချွေတာကုတ်ခြစ်၍ ယူနိုင်သမျှ ယူရမည်မို့။

"ကဲ ..! မင်း မလုပ်ချင်လည်း နေတော့ ... ငါပဲ သွားမယ်"

စိတ်မြန်လက်မြန်အကျင့်နှင့် ကျွန်တော် ထွက်လာမိသည်။ Oh Sehun က စတူဒီယို ယာယီဆက်တင်ခန်း၌ ပစ္စည်းသိမ်းလျှက် ရှိနေမြဲ။ မန်နေဂျာက ဘေးမှနေ၍ ယနေ့ အစီအစဉ်ကို နှုတ်တိုက်ရွတ်ပြနေသည် ထင်၏။

Knowing Enemy 🦋Where stories live. Discover now