ဖျော့တော့သည့် မီးရောင်က လင်းလက်သည်ဟု မဆိုသာ။ သို့သော် လဲ့နေသည့် Oh Sehun ၏ မျက်ဝန်းသူငယ်အိမ်ကို မြင်နိုင်ရန် ဖူလုံငှ၏။"Sehunnie .. hyung လည်ပင်းညောင်းနေပြီ .."
ကျွန်တော် ဆိုသည့်အခါ Oh Sehun သည် မကျေမနပ်ခြင်း မဲ့အသွင်ရွဲ့အသွင်ကို ဟန်မဆောင်နေဘဲ ဖွင့်ဟပြလာသည်။ ဆိုဖာပေါ်၌ သူက ထိုင်၏။ အောက်၌ ဆိုဖာကို မှီ၍ သူ၏ ခြေတံအစုံကြား ဝင်ကာ ကျွန်တော်က ထိုင်၏။ ကျွန်တော့်ကို နောက်ပြန်ဇက်ချိုး၍ ဦးမော့စေလျှက် စီးမိုးအနမ်းကျဲနေသည်က အချိန်အသင်္ချေ။
Oh Sehun အား ဘယ်သောအခါကမျှ 'ဟင့်အင်း' အစချီ ဝါကျမျိုး မပြောဖူးသည့် ကျွန်တော်သည် လည်တိုင်ကျိုး၍ သရဲဘဝတော့ မဖြစ်ချင်ပြီ။ သို့နှင့် 'မင်း' 'ငါ' ပုဒ်များပင် ဘေးလွှင့်၍ အသနားခံစာ တင်သွင်းသော်ငြား သူက လက်မခံချင်။
သို့တိုင် ကျွန်တော် မျက်နှာညိုခြင်းကို မခံစားနိုင်သည်ကလည်း သူပင်။ Oh Sehun သည် သက်ပြင်းချကာ ကျွန်တော့်၏ အုန်းသီးအူပမာ ခေါင်းဆံပွေကို ကိုင်ဖွရင်း လွှတ်ပေးလိုက်ပါ၏။
"hyung ပဲ ပြောခဲ့တာ .. ကျွန်တော် schedule မရှိရင် hyung ကို စိတ်ကြိုက်လုပ်လို့ ရတယ် ဆိုပြီး .."
ပွစိပွစိနှင့်ပင် ရေနွေးငွေ့ပျပျ နှံ့နေသည့် ဧည့်ခန်းကျယ်၌ အထီးကျန်စွာ ပြသနေသော ရုပ်မြင်သံကြားသို့ သူ လှမ်းကြည့်သည်။ ကျွန်တော်ရော သူပါ ရုပ်ရှင်ချစ်ပရိသတ်များ မဟုတ်။ ဖွင့်ဖြစ်သည်ကလည်း တစ်စုံတစ်ဦး၏ ထေရုပ္ပတ္တိ။ အဆုံးသတ်တော့ သူ၏ အာရုံကို ဆွဲဆောင်နိုင်သည်က ဤအရပ်၌ ဤဖေကိုယ်သာ ရှိပြီ။
"hyung .."
ခေါ်ငင်သည့် လေသံက အဘယ်အရာကို အစပျိုးမှန်း ကျွန်တော် သိသည်။ မနက်ဖြန် နံနက်စောစော အလုပ် အရေးတကြီး ကြိုလင့်နေသည်မို့ ကျွန်တော် သူ့အလို မလိုက်နိုင်။
"Sehun .. မင်း ခြေသလုံးမွေးတွေ မရိတ်ချင်ဘူးလား"
"ဟာ ..?!"
ကျွန်တော် ပြောင်းသည့် စကားလမ်းကြောင်း၌ သူသည် အမောင်တောင်မှန်းမြောက်မှန်း မသိ ဖြစ်သွားပုံပင်။