Prologue
"Jungkook yah"
တံခါးဖွင့်ထားတဲ့ အခန်းထဲကထွက်လာတဲ့ ညည်းသံလိုလို သာယာမိန်းမောနေသလို အသံချိုပျစ်ပျစ်တစ်ခု။
အခန်းဆီကို လာရာလမ်းတစ်လျှောက်မှာလည်း ကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့ အဝတ်တွေကိုကြည့်ခြင်းအားဖြင့် အခြေအနေတွေဟာ ထင်သလို မရိုးရှင်းနိုင်ဘူးဆိုတာ အမှန်ပင်။
"Jungkook ah"
"ညည်းစမ်း မင်းအသံတွေပျောက်တဲ့အထိ ငါ့နာမည်ကို ညည်းစမ်း"
ခပ်ပြတ်ပြတ်ထွက်လာတဲ့ အသံရှရှတစ်ခုဟာ ဒေါသတွေပါဝင်နေသည့်အလား။အိပ်ခန်းထဲက ကုတင်ပေါ်မှာတော့ ဗလာကျင်းအနေအထားနဲ့ ဖိုမနှစ်ဦးဟာ ပြင်းပြင်းထန်ထန်ပင် အချစ်တိုက်ပွဲကို ဆင်နွှဲနေကြသည်။
အဲကွန်းဖွင့်ထားသော်လည်း ချွေးတဒီးဒီးကျနေတဲ့ လူနှစ်ယောက်ကတော့ ရမ္မက်အပြည့်နဲ့ စုန်းစုန်းချုပ်တော့မဲ့ညကို ဝါးမြိုရန်အသင့်ဖြစ်နေကြပုံရသည်။
"အသင့်ဖြစ်ပြီလား"
"အင်း Jungkook"
အပြင်လူအနေနဲ့ဆိုရင်တော့ ဒီလိုချိုအီနေတဲ့ အသံမျိုးဟာ အင်မတန် နားကြားပြင်းကတ်စရာကောင်းမှာ အမှန်ပင်။အခုအခြေအနေမှာတော့ Jungkookအတွက် ဆာလောင်နေတဲ့ရမ္မက်ကို ဖြည့်ဆည်းဖို့သာလျှင် လိုအပ်သည်။
နှုတ်ခမ်းအနားသတ်တွေမှာ ပေစွန်းနေတဲ့ ဘယ်သူ့ဆီကမှန်းမသိတဲ့ တံတွေးအချို့ကို လက်နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်ပေးလိုက်ပြီး ရမ္မက်နွံထဲကို တိုးဝင်ဖို့ ပြင်လိုက်သည်။
"တင်းတောင်တင်းတောင်"
"f**king sh*t"
အချိန်ကောင်းရောက်မှ ထမြည်လာတဲ့ဘဲလ်သံကြောင့်ပျစ်ပျစ်နှစ်နှစ်ပင် အော်ဆဲလိုက်မိသည်။ယောကျာ်းလေးဆို ဘဝဆက်တိုင်း ပန်းသေမဲ့ အကောင် မိန်းကလေးဆိုရင်တော့ ငါပေးတဲ့သာယာမှုနဲ့ဝေးရမဲ့ မိန်းမ။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)