ဒီနေ့ Jiminကို ဗိုက်အပ်ဖို့ချိန်းထားတဲ့ရက်ဖြစ်သည်။အပေါ်ထပ်အင်္ကျီကို ဖြစ်သလိုလျှိုနေတုန်းရှိသေးသည်။ထိုဗိုက်ကတော့ ကားပေါ်ကိုလုံးနေအောင်ပြေးတက်သွားပြီးဖြစ်၏။
တကယ်ပဲ ကလေးထိန်းနေရသလိုခံစားရသည်။တော်သေးတယ်ဒါတောင်ဗိုက်ထဲက အထီးအမ မသိသေးတာလေးမပါသေးလို့။သူ့ဘဝလေးဟာ မတွေးရဲစရာ။
"သွားကြစို့"
အမြဲလိုလို လန်းဆန်းတက်ကြွနေတဲ့ဗိုက်လေးကို Jungkookအတော်လေးပင်လက်ဖျားခါမိသည်။ရုတ်တရက်သူ့ကိုယ်သူကားမှန်ထဲမှန်ကြည့်မိတော့ မျက်လုံးနှစ်လုံးကချောက်ထဲကျနေပြီလားလို့တွေးမိသည်။တော်ပါသေးရဲ့ အဲ့လောက်ထိမဆိုးသေးလို့။
"အပြန်ကျရင်ပူတင်းဝယ်ကျွေးဦး"
"အင်း"
ကားမောင်းနေတာမို့ အင်း တစ်လုံးသာပြန်ဖြေလိုက်သည်။မှိုရသွားတဲ့မျက်နှာကို တချက်သာကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ချစ်စနိုးလေးပေါ့။တဆိတ်လောက်ငါဘာတွေလုပ်နေမိတာလဲ?။
ဆေးရုံဝင်းထဲရောက်တော့ သက်ဆိုင်ရာအဆောင်ကိုဆေးရုံဝန်ထမ်းလေးတွေကိုမေးပြီးသွားရသည်။အိုးပူပူရဲ့ဖင်ကို မျက်နှာကပ်ထားသလို Jungkookမျက်နှာပူနေမိတာ ဘာကြောင့်လဲမသိ။Jiminကတော့ သူ့ဘေးမှာ လွယ်နေကျကြိုးသိုင်းအိတ်လေးကို ကိုင်ရင်းဟိုဟိုဒီဒီမျက်စိကစားနေသည်။
"လာ ဒီအပေါ်တစ်ထပ်ဆိုရောက်ပြီ"
"အော အင်း"
ငေးမောနေဆဲလူသားလက်ကိုဆွဲကာဆေးရုံဝန်ထမ်းညွှန်ပြတဲ့လမ်းအတိုင်း တက်လာခဲ့လိုက်သည်။တအောင့်လောက်နေတော့ သူတို့ရှာနေတဲ့ဆရာဝန်ဆီရောက်လာခဲ့သည်။
"ဒေါက်တာ Park Jiminနာမည်နဲ့ ရက်ချိန်းလုပ်ထားပါတယ်"
"ထိုင်ပါ"
နှစ်ယောက်လုံး ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်းက ဆရာဝန်မေးတဲ့အချက်အလက်အချို့ကို စိတ်လိုလက်ရဖြေကြရသည်။ပြည့်စုံလောက်ပြီဆိုမှ စမ်းသပ်ဖို့ပြင်တော့သည်။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)