အခုက ဘယ်ကိုရောက်နေတာလဲ။ ဒီနေရာကို သူမသိပါ။ အမြင်အာရုံပတ်ပတ်လည်ဝန်းကျင်မှာ ရှင်းလင်းနေပြီး ကမ်းမဲ့ပင်လယ်လို အဆုံးအစမဲ့နေသည်။
ချာချာလည်အောင် လှည့်ပတ်ကြည့်ရင်းက ဦးတည်ရာ မည်သည့်ဘက်ကိုပြေးရမည် သူမသိ။ အမေရော အမေဘယ်မှာလဲ အဖေကရော ဘယ်မှာလဲ။
"အဖေ! အမေ!"
အော်ဟစ်ခေါ်လိုက်ပေမဲ့ အဖြေထွက်မလာဘဲ ပဲ့တင်သံများသာ ပြန်ကြားလိုက်ရသည်။ Jungkook စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိသည်။ အပေါ်ကိုမော့ကြည့်တော့လည်း ကောင်းကင်လား အဖြူရောင် မျက်နှာကြက်လား မသဲကွဲ။
သီးခြားကမ္ဘာတစ်ခုမှာ သူတစ်ယောက်တည်း ရပ်တည်နေရသလို။ အရာအားလုံးက သူ့ကိုလျစ်လျှူရှုထားကြသည်။ စိမ်းသက်နေသည့် ပတ်ဝန်းကျင်ကိုလည်း ကျင့်သားရနေသည့်သဖွယ် သူမကြောက်မိ။
ထိုစဥ် အောက်ခြေမျက်နှာပြင်ကို တစ်စုံတစ်ခုနှင့်ပွတ်ဆွဲလာသံကြောင့် အသံကြားရာဟု ယူဆရသည့်ဘက်ကို လှည့်ကြည့်လိုက်မိသည်။ ခြေသံပဲ။ ရှပ်တိုက်ပြေးလာသည့် ခြေသံ။
သူစိုက်ကြည့်နေမိရာ အရပ်ဆီမှ တဖြည်းဖြည်းပီပြင်လာတာနဲ့အမျှ ပုံရိပ်သေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
ကလေးလေးလား?
"Daddy!"
သူ့ရင်ခွင်ထဲကို ပစ်ဝင်လာတဲ့ ကလေးငယ်လေးကြောင့် Jungkook ထိုင်လျက်သားနှင့်ပင် မှင်သက်သွားရသည်။ Daddy? သူက ဘယ်တုန်းက ကလေးရလိုက်တာလဲ။
လက်သေးသေးပိစိကလေးများဖြင့် သူ့အားဖက်တွယ်ထားသည့် ကလေးလေးမျက်နှာကို မြင်တွေ့ရန်အလို့ငှာ ကိုယ်မှဆွဲခွာလိုက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကလေးလေးက သူ့အားDaddyဟု တဖွဖွခေါ်လို့နေသည်။
ပြီးတော့ ကလေးလေးရဲ့ နှုတ်ခမ်းလေးကို သူ တနေရာမှာ မြင်ဖူးသလိုပဲ။ ကောင်းကောင်းကြီး သိနေသလို။
"Jimin?"
Jungkook အလိုလို ရေရွတ်လိုက်မိသည်။
"Papa!"
ကလေးက သူ့လက်တွေပေါ်က ပြေးထွက်သွားပြန်သည်။ Jungkookလည်း အချိန်မဆွဲတော့ဘဲ ကလေးလေးနောက်ကို ပြေးလိုက်ခဲ့သည်။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)