"သက်သာလား"
"အင်း"
ရက်သတ္တပတ်ပေါင်း၁၆ပတ်ထဲရောက်လာပြီမို့ Jungkookမှာရင်တမမနဲ့ပင်။ သိသိသာသာ စူထွက်လာတဲ့ဝမ်းဗိုက်နဲ့ ကောင်လေးကတော့ ခုထိသူ့ကိုနိုင်စားလို့ကောင်းတုန်း။ ဒီရက်ပိုင်း နည်းနည်းများငြိမ်ကျသွားသလားလို့ စိတ်ထင်မိတာရောကြောင့် Jungkookတစ်ယောက် အရိပ်တကြည့်ကြည့်ဖြင့်သာ ရင်,မနေရသည်။
"ဘာစားချင်သေးလဲ"
"ဟင့်အင်း"
"နွားနို့လေးတော့သောက်လိုက် ယူလာခဲ့မယ်"
အဖြေကိုပင်မစောင့်တော့ဘဲ မီးဖိုချောင်ထဲဝင်ကာ နွားနို့ပူပူလေးတစ်ခွက်ပြင်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။ ထို့နောက် စားပွဲပေါ်မှာတင်ပေးလိုက်ရင်း အအေးခံသောက်ရန်မှာပြီး ရေချိုးမည့်အကြောင်းပြောကာ စိတ်ချလက်ချပင် အိပ်ခန်းဆီဘက်လှမ်းခဲ့လိုက်သည်။
"ခွမ်း!"
အိပ်ခန်းပေါက်ဝပင်ရှိသေးသည်။ ကြမ်းပြင်ပေါ်သို့ တစ်ခုခုကျကွဲသံကြောင့် ခေါင်းနပန်းကြီးသွားရကာ ခြေလှမ်းတွေကို အမြန်ဆုံးနောက်ပြန်လှည့်လိုက်သည်။
ကြမ်းပြင်ထက်တွင် ဖိတ်စင်လျက်ရှိသည့်နွားနိ့များနှင့် ဖန်ကွဲစများက အရုပ်ဆိုးလှသည်။ ထိုဖန်ကွဲစများရှေ့တွင်တော့ မက်မွန်သီးလေးက ဖုန်းကိုကိုင်ရင်း ကြောင်အစွာ ရပ်လို့နေသည်။
"ဘာဖြစ်သွားသေးလဲ"
"ဟင်"
" ထိခိုက်မိသွားသေးလား အပူလောင်သွားသေးလား မရွေ့နဲ့ အဲ့နားမှာပဲရပ်နေ"
Jungkookပြာယာခတ်သွားရကာ ဆိုဖာကိုကျော်လိုက်ပြီး မလှုပ်မယှက်ဗိုက်ကလေးကိုပွေ့ချီလိုက်သည်။ ထို့နောက် ဖန်ကွဲစများနဲ့ဝေးရာနေရာမှာ အသာအယာချပေးလိုက်သည်။
"ပူသွားလား"
"နည်းနည်းပါ"
အပူဒဏ်ကြောင့် ထင်ပါရဲ့ Jiminမျက်ရည်တွေဝဲနေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်သွားရသည်။ တကယ်ဆို အအေးခံပြီးအကုန်သောက်ပြီးတဲ့အထိ သူစောင့်ပေးခဲ့သင့်တာ။ အကုန် သူ့အပြစ်ပဲ။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)