မီးရောင်ခပ်ဖျော့ဖျော့လင်းနေတာမို့ မျက်နှာချင်းဆိုင်မှာအိပ်နေတဲ့ ဖြူနုနုမျက်နှာလေးကို Jungkookရှင်းရှင်းလင်းလင်းမြင်နေရသည်။
မရည်ရွယ်ပါဘဲပါးပြင်မို့မို့ထက်ဆီလက်လှမ်းလိုက်မိတော့ နိုးသွားမှာစိုးမိသည်။လည်ပင်းထိရောက်အောင်ခြုံထားတဲ့စောင်ဖြူဖြူတွေဟာ သိပ်ကိုချမ်းအေးနေလို့တော့မဟုတ်ပါ။
ဒီဗိုက်ကလေးနဲ့ရှေ့ဆက်ရမဲ့နေ့ရက်တွေကိုတွေးမိပြန်တော့ သက်ပြင်းချမိသည်။ကလေးသာရှိမနေခဲ့ရင်ငါမင်းနဲ့ရင်းနှီးဖို့ ဦးဆုံးကြိုးစားမိမယ်ထင်။
ဘေးစောင်းထားတဲ့ကိုယ်ကို အတည့်ပြန်လှည့်လိုက်ပြီး နဖူးပေါ်လက်တင်ရင်းကပင်မျက်နှာကြက်ကိုအတန်ကြာကြည့်နေမိသည်။တကယ်ပဲ ဒီomegaက သူ့အပေါ်မှီခိုနေတော့မှာလား။
ဒါပေမဲ့လည်းလေ သန်းခေါင်ထက်ညဉ့်နက်စရာတော့ မရှိတော့ဘူးမလား။ကလေးမွေးပြီးတဲ့အခါကျ ကန်ထုတ်ပစ်လိုက်လို့ရနေတာပဲလေ။
ကိုယ့်အတွေးနဲ့ကိုယ်အကျေနပ်ကြီးကျေနပ်နေတဲ့Jungkookတစ်ယောက်နဲ့ omegaငယ်တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။
OGCC
"ဟင်း"
ဧည့်ခန်းထဲကဆိုဖာပေါ်မှာခြေဆင်းထိုင်ကာ ကျကျနနမုန့်ထိုင်စားနေတဲ့ ဗိုက်ကြောင့်မသိမသာနှာခေါင်းရှုံ့မိလိုက်သည်။ဇိမ်ကိုကျနေတာပဲ မသိရင်ကိုယ့်အိမ်ကိုယ့်ရာလိုပဲ။
"ဘာလဲဟ"
ဘေးကနေဖြတ်လျှောက်ရင်း ငုံ့ကြည့်မိတော့ ရှိသမျှသွားအကုန်ဖြီးပြနေတာမို့ Jungkook စူပုပ်လိုက်မိသည်။စောစောစီးစီး မျက်စိထဲလုံးတုံးလုံးတုံးနဲ့။
ရေခဲသေတ္တာထဲက လက်ကျန်စားစရာအချို့ကိုမြင်တော့ ငိုချင်မိပြန်သည်။ဟိုနေ့ကပဲ ဝယ်ထည့်ထားတာတွေ မနည်းမနောဥစ္စာ။မကျေမချမ်းဖြစ်သွားမိပေမဲ့ ဘာလုပ်လို့ရမှာလဲ။
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)