😘1😘

3.8K 171 5
                                    

At L.O.V.E Cafe >>>>

ဆိုင်​တွင်​ မနက်​ကတည်းက JunMyeon ​စောင့်​​နေတာ ကြာလှပြီ။ အခုထိ မိမိဆီ ​ရောက်​လာမဲ့ ချစ်​ရသူရဲ့ အရိပ်​အ​ယောင်​​တောင်​ မ​တွေ့ရ။

*Xing ဘာများဖြစ်​​နေလဲ မသိဘူး။ ဖုန်း​ခေါ်ကြည့်​အုံးမှ*

ဖုန်းက​ခေါ်တာ​ခေါ်တာ လုံးဝမကိုင်​။ ​နောက်​ခါ ထပ်​​ခေါ်​တော့ စက်​ပိတ်​။

*Xing ​မေ့များ​မေ့​နေတာလား။*

နေ့လည်​ ၁၂ ​တောင်​ထိုးပြီ အခုထိ မလာ​သေး။ ထိုအချိန်​ Jun ဖုန်း​လေးဝင်​လာ၍ ​ပျော်​သွား​ပေမယ့်​ ​ခေါ်​နေသူမှာ မိမိ၏ ချစ်​လှစွာ​သော သူငယ်​ချင်း​လေး Puppy Baek

*Hello Baek ​ပြော*

*Jun Ah မင်း အခု ဘယ်​မှာလဲ*

*ငါ L.O.V.E Cafe မှာ။ Wae*

ကျွန်​​တော်​​ပြောလိုက်​​တော့ Puppy ရဲ့ သက်​ပြင်းချသံ ခပ်​တိုးတိုးကို ကြားလိုက်​ရသည်​။

*YiXing ကို ​စောင့်​​နေတာ​တော့ မဟုတ်​ပါဘူး​နော်​။*

*Xing ကို ​စောင့်​​နေတာ။*

*မင်း အိမ်​ပြန်​လာခဲ့​တော့ Jun*

*အင့်​ဟင်း ငါ Xing ကို ​စောင့်​..*

*YiXing မလာ​တော့ဘူး။ သူ IU နဲ့ အတူတူရှိ​နေတယ်​။မင်း မရူးစမ်းနဲ့ Jun ရာ*

ပြန်​​ပြောစရာ စကားလုံးတို့ ဆွံ့အသွားမိသည်​။ ဖုန်းကို Call End နှိမ့်​လိုက်​​တော့ အလိုက်​ကန်းဆိုး မသိတဲ့ မျက်​ရည်​များကလဲ ပါးနှစ်​မျက်​တို့ လှိမ့်​ဆင်းလာသည်​။ Xing က အခု IU နဲ့ ရှိလို့ ကျွန်​​တော်​ဆီ မလာတာလား။ Xing ဘာလို့ အဲ့​လောက်​ထိ ရက်​စက်​ရတာလဲ။ အဟင့်​ Xing ကို မုန်းချင်​လိုက်​တာ။ အား!!! နာတယ်​ ဒီရင်​ဘက်​ထဲက နာတယ်​။

အပြင်​မှာ အချိန်​အခါမဟုတ်​ ရွာ​နေတဲ့ မိုး။ ​ကော်​ဖီဆိုင်​ထဲက​နေ ​ပြေးထွက်​ခဲ့ ပြီး ဘာအ​ဆောင်းမှ မပါဘဲ ကျွန်​​တော့်​ကို ကြိုဆိုမဲ့ ​နွေး​ထွေးတဲ့ ကျွန်​​တော်​ရဲ့ သူငယ်​ချင်းများရှိရာ တိုက်​ခန်းသို့ ပြန်​လာခဲ့သည်​။ မိုး​ရေထဲမှာဘဲ ကျွန်​​တော့်​ရဲ့ မျက်​ရည်​​တွေကို သွန်​ချလိုက်​သည်​။ ဒီ​နေ့တစ်​ရက်​ဘဲ ငိုပါရ​စေ။ Xing က ငိုတာ မကြိုက်​ဘူး။ ဒီ​နေ့တစ်​ရက်​ပါဘဲ။

နှလုံးသား​လေးကို သနားလှည့်​ပါ {Completed}(Zawgyi & Unicode)Where stories live. Discover now