Xing ဘူဆန် က သူရဲ့ အပန်းဖြေစံအိမ်ကို ရောက်တော့ ညနေတောင်စောင်းနေပြီ။ ဘေးနားမှာ အိပ်ပျော်နေတဲ့ Jun ကို ပွေ့ချီ လိုက်ပြီး အိမ်ထဲ ၀င်ခဲ့ လိုက်သည်။ Jun သည် အရမ်းကို အအိပ်မက်သည်။ သူအိပ်နေချိန် သူ့မျက်နှာပေါ်မှာ ပုံဆွဲရင်တောင် မနိုးတဲ့ လူစားမျိုး။ Jun ကို အိပ်ယာပေါ်ချပေးလိုက်ပြီး စောင်ပါ ခြုံပေးလိုက်သည်။ အခန်းပြင် ပြန်ထွက်လာပြီး Tao ဆီ ဖုန်းလှမ်းဆက်လိုက်သည်။
📞Ge အခုဘယ်မှာလဲ📞
ဖုန်းကိုင်ကိုင်ခြင်း ကိုယ့်ဘက်က စမပြောရသေး စူးစူးဝါးဝါး ၀င်လာတဲ့ Tao အသံကြောင့် ဖုန်းကို နားကနေ ခွာလိုက်ရသည်။
📞Ge အခု ဘူဆန်မှာ Jun နဲ့။ သမီးလေးကို ဒီ၃ရက်လောက် Tao တို့က စောင့်ရှောက်ထားပေး။📞
📞မရလောက်ဘူး ထင်တယ်။ သမီးလေးက Jun Myeon Hyung ကို ငိုပြီး ရှာနေတာ။ ကျွန်တော်တို့ မနည်းချော့ထားရတယ်။ 📞
📞Jun အလုပ်ကိစ္စရှိလို့သာ ပြောပြီး ချော့ထားလိုက်ကွာ။ Jun နဲ့ ပြန်အဆင်ပြေအောင် ကြိုးစားပြီးတာနဲ့ ပြန်လာခဲ့မယ်။📞
📞ဟုတ်ကဲ့ပါ။ Fighting Ge. သတင်းကောင်းမျှော်နေမယ်။📞
📞Oki ဒါဘဲနော်📞
YiXing ဖုန်းချလိုက်ပြီး ဒီဘက်အလှည့် လက်ပိုက်ပြီး မိမိ ကို အလိုမကျတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ Jun
Xing - Jun နိုးပြီလား။
Jun - ဒါက ဘယ်နေရာလဲ။ Jun ကို ဘယ်ခေါ်လာတာလဲ။
Xing - ဘူဆန်က ကိုယ့် အပန်းဖြေအိမ်။
Jun - ဘူဆန် . Xing ကျွန်တော်ကို ပြန်ပို့ပေး သမီးလေး ငိုနေလိမ့်မယ်။
Xing - ပြန်ပို့ပေးမယ် Jun အခုတော့မဟုတ်ဘူး။
Jun - ဘာဖြစ်ချင်တာလဲ
Xing - Jun နဲ့ အရင်လို ပြန်အဆင်ပြေချင်တယ်။
Jun - မဖြစ်နိုင်ဘူး Xing
YOU ARE READING
နှလုံးသားလေးကို သနားလှည့်ပါ {Completed}(Zawgyi & Unicode)
Hayran KurguEXO OT 12 အကုန်ပါပါတယ်။ Main ကတော့ Xingho ပါ။ ပန်းရဲ့ Second Fan fic ပါ။ EXO Fan fic ကို အခုမှ စရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပေးပါနော်။