စာသင်ချိန်တွေ တစ်ချိန်ပြီး တစ်ချိန် ကုန်ဆုံးသွားပြီးနောက် နေ့လည်စားချိန်တောင် ရောက်လာပြီ။ အတန်းထဲက လူတွေ တော်တော်များများ ဆရာစာသင်ကို အရမ်းစိတ်ဝင်စားကြသည်။ အထင်မကြီးကြပါနဲ့။ Baek က သူ့ဘေးကခုံမှာ မှောက်အိပ်နေတဲ့ Soo ရဲ့ မျက်နှာပေါ် မှင်တွေနဲ့ ပုံဆွဲနေသည်။ Kai နဲ့ ChenYeol က Game ပြိုင်ဆော့၊ Sehun နဲ့ Luhan က အကြည်စိုက်နေကြ၊ Chen နဲ့ Minmin ကတော့ နားကြပ်တစ်ဖက်ဆီ တပ်ပြီး ဖုန်းထဲက ကာတွန်းကားကို ကြည့်နေကြသည်။ Tao နဲ့ Kirs ကတော့ စာလိုက်လုပ်နေကြသည်။
ကလင်🔔🔔 ကလင်🔔🔔
လျှပ်စစ်ခေါင်းလောင်းသံ ထွက်ပေါ်လာတာနဲ့အမျှ အတန်းထဲရှိ လူတွေ အားလုံး ယွစိထိုးကြလို့။
*ကဲ ဒီနေ့တော့ ဒီလောက်ဘဲ။ မနက်ဖြန်မှ ဆက်ကြတာပေါ့။ ဒါနဲ့ Oh Sehun ၊Xiao Luhan ဆရာ စာသင်တာက အရှေ့မှာနော်။ *
ဆဲဟွန်း နဲ့ လုဟန် ဘာမှ မပြောဘဲ ဆရာ့ကို သွားဖြဲ ပြလိုက်သည်။ ဆရာအတန်းထဲက ထွက်သွားတော့ အရှေ့ဆုံး တန်းက မိန်းကလေး တစ်နည်းပြောရရင် Xing နဲ့ လက်ထပ်မဲ့သူဆိုတဲ့ တစ်ယောက်က ကျွန်တော်တို့ ရှိရာကို လှမ်းလာနေသည်။ ဘေးနားက Xing လက်ကို တွဲချိတ်လိုက်ပြီး ပခုံးပေါ်မှီချလိုက်တော့ Xing က အံ့သြသလို ကြည့်လာသည်။
Xing - JunMyeon
Jun - ကျွန်တော် ခေါင်းမူးနေလို့ Xing ခနဘဲ။
ထိုမြင်ကွင်းကို မြင်သွားတဲ့ Mie က ခြေလှမ်းတွေ ရပ်တန့်သွားသလို ကျွန်တော်တို့ကို ကြောင်ကြည့်နေသည်။
Soo - အမယ် အခုကျတော့ နှစ်ယောက်သား ချစ်ကြည်နူး နေကြတာပေါ့လေ။
အိပ်မှုန်စုံဖွား နဲ့ ထလာတဲ့ Do Kyung Soo. သူ့ကို ကြည့်ပြီး ကျွန်တော်တို့ အားလုံး ရယ်မိကြသည်။
*ခွီးးး ဟားဟားးး*
Soo - ငါ ပြောတဲ့ အထဲ ရယ်စရာပါလို့လား။
Tao - မင်းရဲ့ အခုပုံစံလေးက ပိုချစ်ဖို့ကောင်းတယ်။
Soo - ဘာလား
YOU ARE READING
နှလုံးသားလေးကို သနားလှည့်ပါ {Completed}(Zawgyi & Unicode)
FanficEXO OT 12 အကုန်ပါပါတယ်။ Main ကတော့ Xingho ပါ။ ပန်းရဲ့ Second Fan fic ပါ။ EXO Fan fic ကို အခုမှ စရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပေးပါနော်။