ကျွန်တော် အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ Kris နဲ့ Tao. သူတို့ ထိုင်နေတဲ့ တစ်ဖက်မှာ ၀င်ထိုင်လိုက်သည်။
*ညီအစ်ကို နှစ်ယောက် အေးဆေးပြောကြ။ Ge ကားထဲကဘဲ စောင့်နေမယ် O လေး*
Kris က ကျွန်တော်တို့ကို အေးဆေးစကားပြောရအောင် ရှောင်ပေးသွားသည်။ ဧည့်ခန်းထဲ တိတ်ဆိတ်လို့။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာက O လေး။
*Ge တကယ်ဘဲလား။*
*Ge ရှင်းပြမယ် O လေး။ Ge သူကို တကယ်မချစ်ဘူး။ YiLinn Ge အတွက် သူ့ကို လက်စားချေဖို့ သက်သက်ဘဲ။*
*YiLinn Ge. YiLinn Ge သေသွားတာ ကြာပြီလေ။ JunMyeon Hyung ရဲ့ ဘယ်လို ပတ်သက်လို့တုန်း*
ကျွန်တော့် စကားအဆုံး တည်တင်းသွားတဲ့ Ge မျက်နှာ။ အံ့ကိုကြိတ် လက်သီးကို တင်းတင်းဆုတ် ထားတာ လက်ကအကြောတွေထောင်လို့။
*ဘယ်လို ပတ်သတ်လဲ ဟုတ်လား။ သူကြောင့် Geသေသွားရတာ။ သူသာ Ge ကို မငြင်းခဲ့ရင် Ge သေမှာ မဟုတ်ဘူး။သူကြောင့် YiLinn Ge သေရတာ O လေးရဲ့။*
*ချစ်လား Ge. Junmyeon Hyung ကို ချစ်လား။ *
*မချစ်ဘူး။ လက်စားချေဖို့ သက်သက်ဘဲ။*
*ခနက မား ဖုန်းဆက်တယ် Mie ကို ဒီမှာ ကျောင်းတတ်ခိုင်းမလို့တဲ့။ Mie မလာခင် Ge ကိစ္စ ကို အပြတ်ဖြတ်ထားပါ။ မဟုတ်ရင် ဘာဖြစ်မယ်ဆိုတာ Ge သိမှာပါ။*
*Ge သိပါတယ်။ မကြာခင် YiLinn Ge နှစ်ပတ်လည်ရောက်ပြီ။ အဲ့နေ့ကျရင် Jun ကို လမ်းခွဲမှာပါ။*
*Ge နှလုံးသားကို မလိမ်ညာမိစေနဲ့လို့ ကျွန်တော် သတိပေးခဲ့မယ်။ ပြန်တော့မယ် Ge*
O လေး ထွက်သွားတဲ့ အထိ ထိုင်နေရာမှ မထမိသေး။ Oလေး ပြောသွားတာ ဘာသဘောလဲ။ ကျွန်တော် နှလုံးသားကို မလိမ်ညာမိစေဖို့။
ကျွန်တော် Jun နဲ့ မတွေ့ရရင် မနေနိုင်ဘူး။
Jun ကို စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင် လုပ်မိရင် ကျွန်တော်ပါ မျက်ရည်ကျရတယ်။
Jun နာကျင်ရင် ကျွန်တော်လည်း နာကျင်တယ်။
Jun အသံ မကြားရရင် တစ်ခုခု လိုနေသလို ခံစားရတယ်။
Jun သာ ကျွန်တော့် အစ်ကို့ကို အသည်းခွဲခဲ့သူ မဟုတ်ရင် ကျွန်တော် ချစ်ကောင်းချစ်နိုင်လိမ့်မည်။
မင်း နာကျင်ရတာ ဘာမှ မဟုတ်သေးပါဘူး Jun ရယ်။ ငါ တို့ မိသားစု ခံစားခဲ့ရတာတွေက မချိမဆန့်နိုင်အောင်ပါ။
YOU ARE READING
နှလုံးသားလေးကို သနားလှည့်ပါ {Completed}(Zawgyi & Unicode)
FanfictionEXO OT 12 အကုန်ပါပါတယ်။ Main ကတော့ Xingho ပါ။ ပန်းရဲ့ Second Fan fic ပါ။ EXO Fan fic ကို အခုမှ စရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပေးပါနော်။