အခုဆိုလေ့လာခရီးကားတွေ အားလုံး .....တောင်ခြေကို ရောက်လာကြပြီ။
*ကဲကဲ ကလေးတို့ရေ ထကြတော့ ဆရာတို့ တောင်ခြေကို ရောက်နေကြပြီ။*
ဆရာရဲ့ လော်ဆော်သံအဆုံး ကားပေါ်က ကျောင်းသူကျောင်းသားတွေ အင်းအဲ နဲ့ ထလာကြသည်။ Xing မိမိ ပခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ Jun ကို နိုးလိုက်သည်။
*Jun.. Jun ထတော့ ရောက်ပြီ*
*အွန်း..*
အိပ်မှုန်စုတ်ဖွား နဲ့ ထလာတဲ့ Jun ကို ကြည့်ပြီး Xing တံတွေးတွေ မျိုချမိသည်။ သူမျက်လုံးကို လက်နဲ့ ပွတ်သပ်နေရင်း
*ရောက်ပြီလား Xing*
*အင်း ရောက်ပြီ။ မျက်လုံးကို အရမ်းမပွတ်နဲ့လေ။*
*Xing အခု စိတ်ပူနေတာလား*
မျှော်လင့်ချက် ရောင်ခြည်လေးတွေ သန်းနေတဲ့ Jun မျက်ဝန်းလေးတွေ ကြည့်ပြီး
*စိတ်ကူးယဉ်မနေနဲ့။ ဖယ် ငါ သွားတော့မယ်။*
လွယ်အိတ်ကောက်လွယ်ပြီး ထွက်သွားတဲ့ Xing ကျောပြင်ကို ကြည့်ပြီး Jun ရယ်မိသည်။ ဟန်ဆောင်ကောင်းလွန်းလှတာ Xing ရယ်။
ကားပေါ်ကနေ ပြုံးစိစိနဲ့ ဆင်းလာတဲ့ Jun ကိုကြည့်ပြီး Baek တို့ ပါ ပျော်မိသည်။ Jun အပျော်က Baek တို့ရဲ့ အပျော်ဘဲလေ။
Jun - သွားကြရအောင်။
လေ့လာရေးခရီးမှာ ပါလာတဲ့ကျောင်းသူကျောင်းသား အားလုံးနဲ့ ဆရာ ဆရာမတွေ အတူတူ တောင်တတ်ခြင်းကို စခဲ့သည်။ အုပ်စုလိုက်ကြီးဆိုတော့ အရမ်းပျော်ဖို့ ကောင်းသည်။ Jun တို့ တတ်လာလိုက်တာ နေ့လည် ၁၂ ခွဲတော့ တောင်ထိပ်ကို ရောက်လာကြပြီ ဖြစ်သည်။ ထို တောင်ထိပ်မှာ ခန နားကြပြီး ဗိုက်ဖြည့်ကြသည်။
Jun တို့ ၁၂ ယောက်က တစ်ဖွဲ့ အရင်ကဆို Mie ဆိုတဲ့ တစ်ယောက်ပါ ပါသည်။ အခုတော့ တစ်ခြားအဖွဲ့နဲ့ ပျော်နေတဲ့ Mie။ ဒီလိုဖြစ်အောင် ကျွန်တော် ကိုယ်တိုင် လုပ်ဆောင်ခဲ့တယ်ဆိုတာ သူမသိ။
YOU ARE READING
နှလုံးသားလေးကို သနားလှည့်ပါ {Completed}(Zawgyi & Unicode)
Hayran KurguEXO OT 12 အကုန်ပါပါတယ်။ Main ကတော့ Xingho ပါ။ ပန်းရဲ့ Second Fan fic ပါ။ EXO Fan fic ကို အခုမှ စရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပေးပါနော်။