Part-1

1.6K 37 0
                                    

ချစ်ဆိုတဲ့အရာကို...
သိပ်စိတ်ကူးယဥ်လို့‌‌ကောင်းတယ်လို့ထင်ခဲ့ဖူးတယ်....
‌ပျော်ရွှင်စရာ‌တွေနဲ့
ရုပ်ရှင်ဇာတ်လမ်း‌တွေထဲကလို
ဆုံးသတ်မယ်လို့လဲ
င်ခဲ့ဖူးတယ်....
ကတိ‌တွေသစ္စာ‌တွေပြုခဲ့ကြတိုင်း
ဘယ်‌တော့မှ‌ဝေးမသွားဘူးလို့လဲ
ထင်ခဲ့ဖူးတယ်
မင်းသိပ်ရူးတာပဲ......"ဇော်"

ဟိုး.....‌ကောင်းကင်ယံကတိမ်‌တွေကို‌‌ငေးကြည့်ရင်း အတိတ်ကအ‌ကြောင်းများကိုပြန်‌တွေးမိကာ သက်‌ဇော် တ‌ယောက် ခပ်‌ရေး‌ရေး‌လေးပြုံးမိသည်

အခုဆို....
ကိုယ့်ဘဝကိုယ်ပင် စိတ်ကုန်‌နေသည်
ကုမ္ပဏီကိစ္စ‌‌တွေ‌ကြောင့် ‌‌‌‌ဖေဖေ‌မေမေတို့နဲ့ဝေးရာ မန္တ‌လေးသို့‌ရောက်‌‌နေသော‌ကြောင့်‌
‌‌ဇော့် အတွက်ပို၍အထီးကျန်‌စေသည်
ဘာပဲဖြစ်ဖြစ်ပါ.....
ဘဝကိုအရှုံးပေးလို့ မဖြစ်ဘူးလေ
‌လောကဒါဏ်ကို ကြံ့ကြံ့ခံနိုင်ရမယ်မလား
အားတင်းထားစမ်း ‌‌ ‌‌ဇော်

ကိုယ့်ကိုကိုယ် ပြန်လည်အား‌ပေးရင်း
ဧရာ၀တီမြစ်ပြင်​ကျယ်ကြီးဆီက
ဖြတ်သန်းတိုက်ခပ်လာ‌သော
‌လေပြည်‌လေညင်းများကို
မျက်လုံး‌လေးစုံမှိတ်ရင်း
အပြည့်အဝရှူရှိုက်လိုက်သည်

::::::::::::[::::::::::::::::::]::::::::::::::

📞🎶📞
"Hello..."

"Hello သမီး‌ရေ အ‌မေပါ....."

"ဟုတ် အမေ ဘာဖြစ်လို့လဲ"

တဖက်မှ အ‌ရေးတကြီးအသံဖြင့်
​‌ပြော‌နေ‌သော‌ကြောင့်
သက်‌ဇော် စိတ်ပူသွားသည်

"​‌အေး....သမီး‌ရေ
အလုပ်ကို လူခဏလွဲခဲ့ပြီး
မိုးကုတ်ပြန်ခဲ့ပါအူး
သမီး.. အ‌ဖကေ အ​‌ရေးတကြီး
​‌ပြောစရာရှိလို့တဲ့"

"ဟုတ် အ​‌မေ သမီးမန်‌နေဂျာနဲ့
လွဲခဲ့လိုက်ပ့မယ်.... ရတာနဲ့ပြန်ခဲ့မယ်‌နော်"

"‌အေးပါ...
သမီးအဆင်‌‌ပြေတယ်မလား...
​‌နေ‌ယော‌ကောင်းတယ်မလား"

"ဟုတ် အ​‌မေ အားလုံးအဆင်‌ပြေတယ်
အာ့ဆို ဒါပဲ‌လေ အ‌မေ
အစီးအ‌ဝေး‌လေးရှိလို့"

ရင်ခုန်သံခေါ်ဆောင်ရာ (GL)Where stories live. Discover now