"ရှင် ......
အဖေ ဘာတွေလုပ်နေတာလဲ
သမီးလဲဘာမှမသိရပါ့လား
သမီးဆန္ဒမပါပဲ အဖေတို့ဘာတွေလုပ်နေကြတာလဲ သမီးမယူဘူးနော်
သမီး ဘလိုနည်းနဲ့မှ အိမ်ထောင်မပြုနိုင်ဘူး""နင်ဘာမှစောဒကတက်စရာမလိုဘူး
မိသက်ဇော် ငါအားလုံးစီစဥ်ပြီးသွားပြီ
ကောင်လေးက မန္တလေးကပဲ
ဟိုပြန်ရောက်ရင် သူနဲ့တွေ့ဖို့စီစဥ်ပါ
အေ့ သူ့မိဘတွေကလဲ ကုမ္ပဏီချင်း
အချိတ်အဆက်ရှိလို့ အကုန်အဆင်ပြေပြေ
ညှိပြီးပြောပြီးသွားပြီ
လူကြီးတွေကိုမျက်နှာပျက်ရအောင်မလုပ်နဲ့
အေး...........ငါဒါပဲပြောချင်တယ်"အဖေကတော့ သူပြောချင်တာတွေပြောပြီး
ထွက်သွားသည်
ဇော် စုတ်တချက်သက်မိရင်း
မျက်ရည်စတွေပါဝဲတက်လာခဲ့သည်......~ ~ ~ ~ # # ~ ~ ~ ~ # # ~ ~ ~ ~
"ဟယ် သမီးပြန်တော့မလို့လား"
"ဟုတ်ကဲ့ အမေ
သမီးဒီမှာအဆင်မပြေဘူး
သမီးမန္တလေးမှာပဲ ပိုအဆင်ပြေတယ်
ဟို.....ဒီမှာလဲ ကြာကြာမနေချင်လို့ပါ""အေးပါသမီးရယ်
ဟိုရောက်ရင်တော့ အမေ့ကို ဖုန်းဆက်နော်""ဟုတ်ကဲ့ ပါ အမေ"
"အေး.....ဟိုရောက်ရင် ကောင်လေးနဲ့တွေ့ဖို့
ငါဒီကနေစီစဥ်ပေးလိုက်မယ်
အပြောအဆို အနေအထိုင် ဆင်ခြင်ပါ""ဟူး........."
သက်ဇော် သက်ပြင်မသိမသာချမိရင်း
ခေါင်းလဲမငြိမ့်မိခဲ့သလို
ခေါင်းလဲမခါမိခဲ့ပါ.....
မိုးကုတ်ဆိုတဲ့မြို့ဟာ
ဇော့်အတွက် ဇာတိမြို့ဖြစ်ခဲ့ပေမဲ့
ကံမကောင်းမှု့တွေသာပြည့်နက်နေခဲ့သည်
ဇော့်အတွက် ဒီမြို့လေးမှာပျော်စရာမရှိပါ
အဲ့တာကြောင့်လဲ လွန်ခဲ့တဲ့၆နှစ်ကထဲက
မိုးကုတ်ဆိုတဲ့ မြို့လေးမှ
ဇော် ထွက်လာခဲ့ခြင်းဖြစ်သည်
အဲ့ဒီအချိန်ကထဲကဆိုပါတော့
ဖေဖေမေမေတို့က ဇော့်ကိုမကြည်ဖြူခဲ့ဘူးလေ ဇော်ရွေးချယ်တာ မှားတယ်ဆိုပြီး
အမြဲတမ်းအပြစ်တင်ခဲ့တယ်
ဒါလဲမှန်ပါတယ်
ဇော်ရဲ့ရွေးချယ်မှု့က တကယ်ပဲမှားခဲ့တာကိုး
ဒါပေမဲ့ အဲ့ဒီတုန်းက အမှားကြောင့်တော့
ဇော့်ကို မချုပ်ခြယ်ကြပါနဲ့လား
ဇော့်ရဲ့ဘဝလေးကို အခုလိုလေးပဲ
အေးအေးချမ်းချမ်းရှင်သန်ခွင့်ပေးကြပါ
ဇော် ဘယ်သူ့ကိုမှလဲ ထပ်မချစ်ရဲတော့ပါဘူး
အချစ်ဆိုတဲ့အရာကို ဇော်အရမ်း
ကြောက်သွားပါပြီ ဟင့်အင်
ကြောက်တယ်ဆိုတာထပ်
ချစ်ပြီးမှဆုံးရှံးလိုက်ရတာမျိုးကို
ပိုကြောက်မိတာပါ........😔
YOU ARE READING
ရင်ခုန်သံခေါ်ဆောင်ရာ (GL)
Romance(Uni+Zawgyi) ချစ်ခြင်းတွေရဲ့အစဟာ...... ရင်ခုန်ခြင်းပါလို့ ဆိုရဲ့ရင်...... ရင်ခုန်သံတွရဲ့အနောက်ကိုပဲ...... ပျော်ရွှင်စွာ လိုက်ခဲ့မယ်...... ကိုယ်ရွေးချယ်မိတဲ့အရာဟာ...... မှားနေတယ် ဆိုရင်တောင်ပေါ့.......