အို.....သူတို့ကအတွဲတွေဆိုလဲ
တမျိုးကောင်းတာပဲ
ငါညင်းလို့ရသွားတာပ့"ကိုမိုးယံ မိတ်ဆက်ပေးချင်တာက
သူနဲ့လား""သက်ဇော် ခ ရှင်းပြတာကို
ခဏလေးနားထောင်ပေးပါ
ကိုကို ခ ရှင်းပြပါရစေ ဒီမှာ ခ နဲ့အတူ
လာထိုင်ပေးပါ ၃ယောက်ဆုံပြီး
ပြောမှဖြစ်မှာမို့လို့ပါ နော် ကိုကိုနော်"မိုးယံခ၏စကားကြောင့်
အကြောင်းပြချက်တချို့ကို
ဇော် လည်းသိချင်မိသည်
ဖေဖေမေမေတို့ ဘာကြောင့် မိုးယံခနဲ့ဇော့်ကို
သဘောတူလိုက်လဲဆိုတာကိုပေါ့ခုနက လူရီးကလဲ
မိုးယံခ ဘေးမှာ ဝင်ထိုင်လိုက်ရင်း
မိုးယံခရဲ့လက်ကိုဆုပ်ကိုင်ကာ
ဇော့်ကို တည့်တည့်ကြီးကြည့်နေသည်သက်ဇော်.........သက်ဇော်
နင်ဘယ်တုန်းကများ စနှိုက်ကျော်မ
ဖြစ်သွားတာလဲဟ....ဇော် သဘောကျစွာ ပြုံးမိသည်
"ဟို.... သက်ဇော်....
ဒါက ခ ရဲ့ချစ်သူပါ...
နာမည်က ဝဏ္ဏ ပါ...
ကိုကို.... ဒါက သက်ဇော်တဲ့....."ဇော် ဝဏ္ဏဆိုတဲ့လူကို လှမ်းပြုံးပြလိုက်သည်ဝဏ္ဏကလဲ အလိုက်တသင့်
ပြန်ပြုံးပြပြီးနောက်
မိုးယံခ စကားကို စလိုက်တယ်..."ဖြစ်ပုံက ဒီလိုပါ... သက်ဇော်...
ခ နဲ့ကိုကို့ ကို အိမ်ကလူကြီးတွေ
မိသွားတယ်....ပြသနာတွေ
အကြီးအကျယ်တက်ပြီးတော့
ခ ကိုမိန်းမပေးစားဖို့စီစဉ်ကြတာပါ...
ခ လဲသက်ဇော်ကိုပြောပြမလို့ပါပဲ
ကိုကို အရင်ရောက်လာလ်ိုပါ""အဲ့ဒီတော့... ကျမကညင်းပေးရမှာလား
ကျမကရှင့်ကို ညင်းခိုင်းမလို့...""ဟို...သက်ဇော်ရယ်.. ခ မှာကလေ..
ညင်းပိုင်ခွင့်မရှိဘူး.. ""ဟာ...ဒါဆိုဘလိုလုပ်မလဲ.....
ကျမလဲအိမ်ထောင်မပြုချင်သေးဘူး..""ဖြစ်နိုင်ရင်... အတူတူပူးပေါင်းရအောင်ပါ.. ၂ဖက်မိဘတေကို အချိန်ဆွဲထားရင်
ရနိုင်ပါတယ်.... ခ လဲဇော်နဲ့မင်္ဂလာကိစ္စပျက်ရင်.. အခြားတယောက်နဲ့စီစဉ်ခံရမှာ... သက်ဇော်လဲ ကျနော်နဲ့ မဟုတ်ရင်
တခြားသူနဲ့ စီစဉ်ခံရမှာပဲလေ
ဟို.....အဲ့တော့...
ကျနော်တို့ချင်းအဆင်ပြေပီး...
အချိန်ရသလောက်ဆွဲထားကြရင် ကောင်းမလားလို့ပါ......"
YOU ARE READING
ရင်ခုန်သံခေါ်ဆောင်ရာ (GL)
Romansa(Uni+Zawgyi) ချစ်ခြင်းတွေရဲ့အစဟာ...... ရင်ခုန်ခြင်းပါလို့ ဆိုရဲ့ရင်...... ရင်ခုန်သံတွရဲ့အနောက်ကိုပဲ...... ပျော်ရွှင်စွာ လိုက်ခဲ့မယ်...... ကိုယ်ရွေးချယ်မိတဲ့အရာဟာ...... မှားနေတယ် ဆိုရင်တောင်ပေါ့.......