ဇော် ဆိုတာ..ဘသူလဲ..
ယော့် ကို ခေါ်တာ...သူတဲ့လား...
ဒါမှမဟုတ်.. ယော့် ကိုတခြားသူထဲ
ပြန်ထည့်မှာလား....
တလမ်းလုံးလဲ ယော့်ကို စကားမပြောဘူး... ဟင့်အင်... ယော့်မျက်နှာကိုတောင် သူမကြည့်သေးဘူး....
ဇော် ဆိုတာ ဘလိုလူမျိုးပါလိမ့်...ယော့် စိတ်ထဲတွင်တော့...
သက်ဇော်ကို မေးခွန်းအမျိုးမျိုး..
ထုတ်နေမိသည်.....
ယော် ကသာ.. ခေါင်းစခြေစုံကြည့်နေတာ.. ခုထိ ဇော်ကတော့...
ယော့်အပေါ်... မျက်လွှာမရောက်သေးOmm ဇော်ဆိုတဲ့ မမက
လူကောင်းပုံစံပါပဲ....
စတိုင်လ် လဲမိုက်တယ်....
အရပ်လဲ မြင့်တယ်...
ဟုတ်ပါရဲ့ ယော်က ပုတယ်လေ
ဇော် နဲ့ယှဉ်ရပ်ရင်...
ဇော် ရင်ခွင်ထဲရောက်မဲ့အရပ်လေး..ရှပ်အိင်္ကျီ လက်ကို အပေါ်ခေါက်တင်ထားပြီး.... ဆံပင်ရှည်ရှည်တို့ကို ချထားကာ..
ဘောင်းဘီရှည်နှင့်.. free styleဖြစ်နေသော... ဇော့်ကို...
ယော်ရွက်ဝါ... ဝေဖန်ကြည့်နေသည်..."မင်း....ဒီလိုပဲ ကြည့်နေအူးမှာလား"
"ရှင်"
ရုတ်တရက် ဇော့်စကားကြောင့်
ယော် လန့်သွားခဲ့သည်..."ဟို... ယော်တို့ တယောက်နဲ့တယောက် မိတ်မဆက်ရသေးလို့ပါ"
"ကိုယ့် နာမည်က သက်ဇော်ပါ...
မင်းက ယော်ရွက်ဝါ မလား...""ဟုတ်ကဲ့ မမသက်ဇော်...
ယော့် အသက် ၁၈နှစ်ပါ..ရှင့်...
မမကယော...""ဟာ... မင်း..အသက် ၁၈
မင်းအလောက်ငယ်ငယ်နဲ့
ဒီအလုပ်ကိုလုပ်တယ်.....""ယော့်မှာလဲ အကြောင်းအရင်းရှိလို့ပါ မမ ယော်လုပ်ချင်လွန်းလို့ရယ်တော့မဟုတ်ပါဘူး"
"ဒါဆို မင်း ကိုယ်နဲ့တွေ့တာ.. ကံကောင်းသွားတယ်...
အေးအေးဆေးဆေး အဆင်ပြေသလိုနေပါ.. တိုက်ခန်းရောက်မှ..
ကိုယ့်အစီအစဉ်တွေ မင်းကိုပြောပြမယ်လေ...
ဒါနဲ့ ကိုယ့်အသက်.. ၂၆ပါ..."
YOU ARE READING
ရင်ခုန်သံခေါ်ဆောင်ရာ (GL)
Romance(Uni+Zawgyi) ချစ်ခြင်းတွေရဲ့အစဟာ...... ရင်ခုန်ခြင်းပါလို့ ဆိုရဲ့ရင်...... ရင်ခုန်သံတွရဲ့အနောက်ကိုပဲ...... ပျော်ရွှင်စွာ လိုက်ခဲ့မယ်...... ကိုယ်ရွေးချယ်မိတဲ့အရာဟာ...... မှားနေတယ် ဆိုရင်တောင်ပေါ့.......