Diary Record 1💐

1.9K 126 6
                                    

Zawgyi

ကျွန်တော့်လက်ထဲမှာ စာအုပ်လေးတစ်အုပ်ရှိနေတယ်။
လယ်သာအညိုရောင်အဖုံးလေးပေါ်မှာ 1999 dairy ဆို
တဲ့ ငွေမှင်ရောင်စာလုံးလေးတွေက စာအုပ်ရဲ့ညာဘက်
အောက်ထောင့်စွန်းမှာ ထွင်းရေးထားသေးသည်။ ကျွန်
တော် ပထမဆုံး စာမျက်နှာလေးကို မတုံ့မဆိုင်းဘဲ စတင်လှန်ကြည့်လိုက်တော့ မှင်နက်နဲ့ရေးထားသော 1999 ခုနှစ် May လ ရဲ့ နေ့စွဲတစ်ခုကို စတွေ့လိုက်သည်။

" ကျွန်တော့် နာမည် Singto ပါ~~ Thai-American
စပ်လူမျိုး ဖြစ်တစ်ယောက်ဖြစ်ပါတယ်~~ သူများ
တွေအတွက် ၁၆ နှစ်ဆိုတဲ့အရွယ်ဟာ လွတ်လပ်မှုအရသာ
ကို စတင်ထိတွေ့ရမယ့်အချိန်ဖြစ်ပါတယ် ။ ဒါပေမယ့်
ကျွန်တော့်အတွက်ကတော့ ........."

~~~~~~~
26th July 1999

Chicago ဆိုတဲ့ မြို့ကြီးက US ရဲ့ အနောက်ဘက်တည့်
တည့်မှာ တည်ရှိပြီး Michigan Lake ရဲ့အနောက်တောင်
တစ်လျှောက်တည်ရှိတဲ့ကမ်းခြေမြို့ဆိုလဲ မမှားပါဘူး ။
ဒီနေရာမှာတော့ ဥရောပအငွေ့အသက်တွေထက် US ရဲ့ ယဉ်ကျေးမှု ခေတ်ရေစီးကြောင်းအငွေ့အသက်တွေက
ပိုလို့ လွှမ်းမိုးထားတာ တွေ့နိုင်ပါတယ် ။ နောက်ပြီး
Chicago လို့ပြောတာနဲ့ chicago hot dog နဲ့ jazz music ရဲ့ ပင်မဗဟိုဆိုတာကို မေ့ထားလို့ မရနိုင်အောင်
famous ဖြစ်တဲ့နေရာတစ်ခုပါပဲ ။

" Chicago ရဲ့ ဒီနှစ်ဆောင်းကတော့ အရမ်းအေးမယ်
ကြားတယ် "

အပေါ်ထပ်ကို မစ္စစ် Kate တက်လာကတည်းက ပေါင်မုန့်
နံ့သင်းသင်းလေး ကျွန်တော် ခံစားမိပါသည်။ သို့သော်
မစ္စစ် Kate က ကျွန်တော့်နားတန်းမလာသေးဘဲ လှေကား
လက်ရန်းနားမှာရှိတဲ့ ပန်းအိုးထဲက hydrangea ပန်း
လေးတွေကို တစ်ချက်ငုံ့ကြည့်နေပြီး Mama ကိုစကား
ဆိုလိုက်သေးသည်။

" Mrs.Bella ကျွန်မ ဒီပန်းတွေ ထပ်လဲပေးဖို့ လိုပြီ ထင်တယ် "

မစ္စစ် Kate ဒီလိုပြောတော့ Mama က သိုးမွေးထိုးနေရင်း
က ကျွန်တော့်ကို လှမ်းကြည့်လေသည်။ ဘာကြောင့်လဲ
ဆိုတော့ hydrangea ပန်းတွေက ကျွန်တော့်အကြိုက်ဆုံး
ပန်းတွေမို့ပေါ့ ။

" Sing !! သား အတွက် Mama ပန်းအသစ်လဲပေးရမလား "

ကျွန်တော် ခေါင်းခါလိုက်ပြီး ဒူးဖုံးဂါဝန်ပေါ်က အေပရွန်အနားစတွေမှာကပ်နေတဲ့ ဂျုံမုန့်တွေကိုခါနေသော မစ္စစ် Kate ဘက်လှည့်ကာ
အဖြေပေးလိုက်သည်။

💐တစ်ရံရောအခါက ပါးထက်ဝယ်💐 Once Upon A Time With Smile💐 U+Z💐Where stories live. Discover now