Diary Record 5💐

504 88 5
                                    

Zawgyi

"ငါတို့ breakfast စားကြမလား "

Singto အသံအဆုံးမှာ စက်ဘီးရှေ့မှာထိုင်ပြီး ပတ်ဝန်းကျင်ကို
အကဲခတ်နေခြင်းရပ်တန့်လိုက်သည်။ ....

" စားတာပေါ့ "

Krist နဲ့ ကျွန်တော် အနီးဆုံး hotdog ဆိုင်တစ်ခုကနေ hotdog ပူပူလေးနှစ်ခု ဝယ်စားဖြစ်ကြသည်။Krist ကတော့ ပုံမှန် chicago hotdog နဲ့ ကျွန်တော်ကတော့ အားလုံးသိတဲ့အတိုင်း .....

" ဘာလို့ yellow mustard မထည့်စားတာလဲ ... မကြိုက်ဘူးလား"

" မကြိုက်ဘူး .... "

ခပ်ပြတ်ပြတ်ပြန်ဖြေလိုက်ပေမယ့် လေသံကတော့ မမာ ။

"ဩော် .... ဒါနဲ့ Singto မင်းမျက်နှာမှာ ဒဏ်ရာတွေ သွေးစို့နေတုန်းပါလား "

Krist က ပြောပြောဆိုဆိုနဲ့ ဂျာကင်အင်္ကျီထဲက ပုဝါစလေးကို ထုတ်လိုက်ပြီး သူ့နားထင်နားကပ်ဖို့ ရွယ်တော့ သူကယောင်ယမ်း
နောက်ဆုတ်မိသည်။....

" ဆောရီး ... ငါက မင်းဒဏ်ရာကသွေးတွေသုတ်ပေးမလို့ပါ ...
ငါ့ပုဝါက အသန့်ပါကွ.."

" သိပါတယ် ...ဒါပေမယ့် သွေးတွေစွန်းကုန်မှာ စိုးလို့ပါ "

" ကျစ် ... never mind ... !!! "

Krist က ခေါင်းလေးခါလိုက်ပြီး ကျွန်တော့်မေးရိုးကိုဆွဲကိုင်ကာ
သူ့မျက်နှားနားတိုးလိုက်သည်။ ထိုအခိုက်အတန့် ... သူ့နှုတ်ခမ်းလွှာနှစ်ခုကြားက လေငွေ့နွေးနွေးလေးက ကျွန်တော့်
နှာရိုးကို လာရောက် ထိခတ်နေသည်။ .... ကြည်လင်သန့်ရှင်း
သော ခပ်ကွေးကွေး မျက်လုံးငယ်က ကျွန်တော့်ဒဏ်ရာကို
ကရုဏာသက်စွာ ငေးကြည့်နေသည်။ .... ထိုမျှပြည့်စုံမှုခညောင်း
သော အနှီကောင်ကလေးတွင် မည်သို့သော နာကျင်စရာအတိတ်များ ရှိခဲ့ပါသနည်း .... ။

ကျွန်တော်ငြိမ်သက်နေဆဲမှာပဲ သူက ဒဏ်ရာကို ခပ်ဖွဖွလေနဲ့
ထပ်မှုတ်ပေးပြန်သည်။ ထိုအခိုက်အတန့်မျိုးဟာ ဂျက်ဒေါ်ဆန်
ရို့စ်ကို ငေးကြည့်တုန်းက ဖြစ်ခဲ့ရတဲ့ ရင်ခုန်သံမျိုးလား ... ဖောရပ်ဂမ့် ကတခြားယောက်ျားလေးနဲ့ တွဲတွေ့နေရတဲ့ ငယ်ချစ်
ဦး ဂျင်းနီကို မြင်ရတိုင်း ဖြစ်ပေါ်တတ်တဲ့ ခံစားချက်မျိုးလား ။

💐တစ်ရံရောအခါက ပါးထက်ဝယ်💐 Once Upon A Time With Smile💐 U+Z💐Where stories live. Discover now