ကျွန်တော်ခြံထဲကခူးလာသော hydrangea ပန်းငယ်နှစ်ပွင့်ကို ကိုင်ကာ အိမ်ပေါ်တက်ကို ဖြေးဖြေးချင်း
တက်လာခဲ့သည်။ မျက်စိကွယ်နေသည်ကို မသိသူတစ်ယောက်အဖို့ ကျွန်တော်ဟာ အကောင်းပကတိ
တစ်ဦးသာဖြစ်သည်။ ထို့နောက် လှေကားထိပ်ညာဘက်
ထောင့်နံရံမှာကပ်ထားတဲ့ whiteboard လေးကို ခပ်ဖွဖွ
ပွတ်ဆွဲပြီး ကိုယ့်လက်ချောင်းကလေးများကို အချင်းချင်း
ပွတ်ခတ်ကြည့်သည်။ ဘာအမှုန်အမွှားရှိမနေခြင်းက သန့်
ရှင်းနေသော whiteboard ကိုရည်ညွန်းသည်မို့ မစ္စစ်
သန့်ရှင်းထားပြီးမှန်း သိလိုက်သည်။ တကယ်လို့သာ ကျွန်
တော့်လက်မှာ အမှုန်တွေကပ်နေရင်တော့ မှင်မှုန့်တွေကျန်
သေးတယ်ဆိုတာ ကျွန်တော်သိနိုင်သည်လေ။ ရောဂါ
လက္ခဏာတွေကို မစ္စစ် Kate အိမ်စရောက်လာသည့်နေ့မှ
စ၍ အတူတူလေ့လာဖြစ်ကြသည်။အဆိုးဆုံးအဆင့် မျက်စိမမြင်တော့ရင်တောင် စာရေးနိုင်ဖို့အထိ လေ့ကျင့်
ခဲ့ရသည်။ ထို့ကြောင့် လက်ထဲက ဆော့ပင်အပြာလေးကို
ကိုင်ကာ ....." မစ္စစ် .... ကျွန်တော် ဘောပင်မှင်ကုန်သွားပြီ လဲပေးပါဦး "
ကိုယ့်အနေနဲ့ ဒုတိယမြောက်ဒိုင်ယာရီစာအုပ်လေးတွင်
ရေးဖို့ မှင်မရှိသည်ကို ညကတည်းကသိသော်လည်း မစ္စစ်ကို တကူးတက မနှိုးတော့ဘဲ ခုမှလာရေးဖြစ်လေခြင်း ။ မစ္စစ်သည် မှင်နံ့ပိုစွဲသောဘောပင်ကို အမြဲလိုလို ဝယ်ပေးဖြစ်သည်။ ဒါမှသာ မှင်နံ့ကို ခံပြီး ကိုယ့်ဘောပင် မှင်ကုန်လား မကုန်လား သိရသည်လေ ။ လောကမှာ တစ်ခုချို့ယွင်းနေသူအဖို့က တစ်ခုအားကောင်းကြစမြဲလေ ။ ကျွန်တော့်ကိုမစ္စစ်က အနံ့အာရုံကို သုံးဖို့ အမြဲလေ့ကျင့်ပေးတတ်သည်မို့မျက်လုံးကောင်းစဉ်က
တည်းက အနံ့အာရုံကို ပိုအားထုတ်ဖြစ်သည်။အခန်းတံခါးလေးကို ဖြေးဖြေးချင်းဖွင့်ပြီး ကျွန်တော်
ဝင်လာတော့ ပြတင်းပေါက်ဖွင့်ထားမိသည်မို့ လေအေးတို့ တိုးဝင်နေသော ခံစားချက်ကို ခံစားမိသည် ။... ဟုတ်သားပဲ။ မနက်က ဖွင့်ပြီးအပြင်ထွက်သွားမိတာပဲ။
ကျွန်တော်က ချမ်းအေးနေသော ခံစားချက်ကို မနှစ်သက်။
မြောက်ဝင်ရိုးစွန်းဒေသရဲ့ နိုဝင်ဘာအအေးဒဏ်က ဘယ်လိုရှိမလဲ ။ အေးလွန်းသော လေစိမ်းတို့ကြောင့် တံ
ခါးပိတ်ဖို့ ကြံရွယ်သော်လည်း ခုတလော အသက်ရှူကြပ်
နေသော ခံစားချက်တို့ကို မနှစ်မြို့ .....။ထို့ကြောင့် ဗီရို
ကိုဖွင့်ကာ mama ထိုးပေးခဲ့သော မာဖလာလေးကို စမ်း
ရှာမိသည်။
ESTÁS LEYENDO
💐တစ်ရံရောအခါက ပါးထက်ဝယ်💐 Once Upon A Time With Smile💐 U+Z💐
FanficUni+Zawgyi Zawgyi ပလေတိုက ပြောဖူးတယ်ဗျ....။ "အချစ်ဆိုတာ ပြင်းထန်တဲ့ စိတ်ရောဂါ တစ်မျိုးပါ"တဲ့..... တကယ်တမ်းတော့ ဒီရောဂါဝေဒနာကို ဘဝအတွက် မျှော်လင့်မဲ့နေသူတွေရော ခံစားလို့ရတယ်မလားဟင် ...။ ဒီလိုပြောလို့ ကျွန်တော်မျှော်လင့်ချက်မဲ့နေတယ်မထင်ပါနဲ့......။ ...