Diary Record 6💐

479 115 9
                                    

Zawgyi

7th November,2003

နေ့လည်ပိုင်း အော်ပရာပြဇာတ်လာနေသံကြားတော့ မစ္စစ် TV
ဖွင့်ထားမှန်း ကျွန်တော်သိလိုက်သည်။ ဒါကို ကျွန်တော်နားထောင်
ပြီးသည်နှင့် မစ္စစ်က အခန်းထဲလာကာ ထမင်းစားဖို့ခေါ်လိမ့်မည်။
လက်ထဲမှာ ကိုင်ထားတဲ့ Tareyton စီးကရက်ဘူးလေးကို ဗီရို
ထဲ သေချာပြန်ထည့်လိုက်သည်။ ဒါသည် Krist ကို စတွေ့တုန်း
က ကျွန်တော်သိမ်းယူခဲ့တဲ့ ပထမဆုံးပစ္စည်းလေးဆိုလဲ မမှားပေ ။ဗီရို အနားမှာ ရှိနေမြဲဖြစ်သော ကုလားထိုင်ပေါ်ကို ခပ်ဖြေးဖြေးထိုင်လိုက်သည်။ ထို့နောက် ကျွန်တော် နှုတ်ခမ်းအစွန်းလေးကွေးတက်သွားသည်အထိပြုံးမိသည်။ .... ထိုနေ့ကို ပြန်စဉ်းစားရင်တောင်အဓိပ္ပါယ်မရှိတာ သိပေမယ့် အရာအားလုံးဟာ ဗီဒီယိုရိုက်ယူထားသည့်နှယ် ကြည်လင်ပြတ်သားစွာ ဖြစ်ပျက်လှုပ်ရှားနေကြသည်။
မှောင်မိုက်နေသော ကျွန်တော့်မြင်လွှာထက်မှာ Krist နဲ့ ကျွန်တော်
ရဲ့၂၄ နာရီဟာ အင်မတန် ထူးခြားလှသည်။

သူ့အပြောအဆိုမှန်သမျှကိုလဲ တစ်လုံးမကျန်မှတ်မိနေသော ဦးနှောက်သည်လဲ အကိုးအကားကျမ်းတစ်ခုနှယ် ။ Krist ကို
မည်သို့သော ခင်မင်မှုမျှမရှိသော်လည်း ရင်ဘတ်ချင်းနီးခဲ့ကြဖူး
သူတွေလို ခင်တွယ်နေမိသည်။ .... ရိုးသားသော Krist အပြစ်ကင်းသော Krist ကနေ အရောင်ခြယ်သော Krist အဖြစ်
ကူးပြောင်းသွားချိန်တွင်လဲ စွန့်ခွာဖို့အတော်ခက်ခဲခဲ့သည်။ ...
အဘယ်ကြောင့်ဆိုသော် ကျွန်တော်မြတ်နိုးမိသည်ကား မည်သို့သော
နာမဝိသေသနပုဒ်များနှင့် အထူးပြုခြင်းမရှိသော Krist ပါးထက်
က အပြုံးနုနုလေးတစ်ပွင့်ကိုသာ ။ လူတစ်ယောက်ကိုချစ်ဖို့ ကံပါ
လာခြင်းက မကျေသော ဝဋ်ကြွေးလို့ ဆိုစမှတ်ပြုကြလျှင် ချစ်ခြင်း
မမည်သောခေါင်းစဉ်အောက်မှာ အပြုံးနုနုတစ်စုံကို လိုက်ရှာဖွေရ
သောအဖြစ်ဟာ ဝဋ်ကြွေးလို့ အမည်ပေးဖို့ ထိုနာမည်ကပင် နူးညံ့လွန်းနေမည်မလား။

ဆီးနှင်းနံ့တို့ကို ခံစားမိနေသည်မို့ ပြတင်းပေါက်တံခါးလေးပိတ်ဖို့
ကျွန်တော် ခပ်ဖြေးဖြေးလှမ်းလာခဲ့သည်။ .... ပန်းနုရောင်ဖျော့ဖျော့နဲ့ ကြက်သွေးရောင်အုတ်စပ်ခံသော ကျွန်တော်နေထိုင်ရာ ဒီရိပ်မြုံလေးဟာ Chicago ရဲ့ မည်သည်
အိမ်ဒီဇိုင်းနဲ့မှမတူ .... ။ ခြံဝကနေ အိမ်ပေါက်ဝတစ်လျှောက်ဖြူး
နေအောင်စိုက်ထားသည့် hydrangea ပန်းတွေကလဲ တစ်ပင်လုံး
ပြွတ်ခံနေအောင် ပွင့်နေကြသည်ကို မမြင်သော်လည်း သိနေ၏။
Tv မှာလာနေသော opera ကဏ္ဍပြီးဆုံးသွားတော့ ကျွန်တော်
ဒုတိယထပ် ဧည့်ခန်းမဆီ လှမ်းလျှောက်လာမိသည်။ အရင်ဆို မစ္စစ်
က အမှီလာပိတ်တတ်ပေမယ့် ယခုတော့ နောက်အစီအစဉ်တစ်ခု
မလာခင် အရင်ကြော်ငြာဝင်နေသည့် အသံကြားနေရဆဲ ...။

💐တစ်ရံရောအခါက ပါးထက်ဝယ်💐 Once Upon A Time With Smile💐 U+Z💐Tempat cerita menjadi hidup. Temukan sekarang