(၁၂)(Both Zawgyi and Unicode)

7.3K 583 28
                                    

*zawgyi*

ပန်းခြံထဲ၌ ညနှင့် သူ့အဖေတို့ လေညှင်း ခံထွက်လာ၏။

ထိုပန်းခြံလေးမှာ ညကိုယ်တိုင် အပင်တွေမှာပြီး နေရာတကျ စိုက်ပျိုးထားသော ပန်းခြံလေးဖြစ်သည်။

"သမီးလေး"

အဖေလေသံသည် သိပ်အားရစရာမရှိ။ ခပ်တိုးတိုးရယ်။

"ပြောပါ အဖေ"

"အဖေတောင်းပန်ပါတယ်"

ည ဝှီးချဲတွန်းသော လက်တို့ကို ရပ်လိုက်၏။

"ဘာအတွက်လဲ အမေ့ကို စော်ကားခဲ့လို့လား သမီးကို ပစ်ထားခဲ့လို့လား"

အဖေသည် စကားတစ်ခွန်းမှ မပြောနိုင်စွာ ခေါင်းငုံ့သွား၏။

ညလည်း အဝေးသို့ကြည့်ရင်း ထိုနေ့ကို ပြန်သတိရမိ၏။

---
"ဖွား...သူက ဘယ်သူလဲ"

နှုတ်ခမ်းမွှေး ရေးရေးနှင့် အရပ်ခပ်မြင့်မြင့် အသားညိုညို ဥပဓိရုပ်သန့်သန့်လူ အား ည ကြည့်ကာ မေးမိ၏။

အဖွားမျက်နှာတို့က တစ်ချက် ပျက်ယွင်းသွားပြီး

"မောင်ရင် မိတ်ဆက်ပေးလိုက်ပါဦး"

ထို အသက် ၅၀ နီးပါးလူကြီးသည် ညကို ကြည့်ကာ ပြုံးပြ၏။

"ဦးလေးက သမီးအဖေရဲ့ ရှေ့နေပါ"

အဖေ။ မကြားချင်ဆုံးနာမည်။ ပေါ်မလာစေချင်သောလူတစ်ယောက်။

"သမီးမှာ အဖေမရှိဘူး "

တစ်ခါမှ ညအသားကို နာအောင်မရိုက်ခဲ့သော အဖွားသည် အခု ညကို လက်မောင်းကို ခပ်နာနာ ရိုက်၏။

"မြေး.. စကားကို ပြန်ပြင်ပြောစမ်း အဖွား ဘာတွေ သင်ပေးခဲ့လဲ"

ညမျက်ရည်တို့ ဝဲလာသော်လည်း မငိုမိအောင် မျက်တောင်တို့ကို ပုတ်ခတ်လိုက်ပြီး ဖွားအားပြော၏။

"ဖွား အဖေဆိုတာရှိရင် ဘာလို့ အခုမှ ပေါ်လာလဲ  ဘာလို့ ပစ်သွားလဲ သူကြောင့် ဖွားပဲ ဒုက္ခခံနေရတာ လေ သူများ အိမ်မှာ မျက်နှာငယ်ငယ်နှင့် ထမင်းချက် လုပ်ပြီး သမီးကို ကျောင်းထားနေတဲ့ အချိန်မှာ အဲ့ဒီ အဖေဆိုတဲ့ လူက ဘယ်တွေပျောက် နေလဲ အမေ သမီးကို မွေးနေတုန်းကကော သူရှိလို့ လား"

"ည "Where stories live. Discover now