*zawgyi*
နန်း ဆိုသော name cardလေးတပ်ထားသည့် တံခါးလက်ကိုင်အား ဖွင့်ခါနီး ဆဲဆဲ၌
"ပေါ် မ လာ နဲ့ သမီးကို သေသွားစေချင်နေတာမလား။ လာမတွေ့ချင်ရင် လုံးဝလာမတွေ့ပါနဲ့ ။ မေ့လောက်မှ သေခါနီးမှ မသေသေးဘူးလားဆိုပြီး လာလာကြည့်နေတာမလား .။ စိတ်ချပါ ။ မကြာခင် သေတော့မှာသိလား။ အဖေတို့ ဆန္ဒတွေ ပြည့်ဝတော့မှာလေ"
ဘာတွေလဲ။
"လာမကြည့်တာ မဟုတ်ဘူး ငါလဲ အားယားနေတာ မဟုတ်ဘူး အခုလိုမျိုး မကြောင့်မကြနဲ့ ဆေးရုံတက်နေနိုင်တယ်ဆိုတာ ငါအခုလို ကြိုးစားနေခဲ့လို့ သိလား"
"ရှာပါ အဖေ အဲ့ဒီ ငွေတွေပဲ ရှာနေ။ သမီး အရင်းခေါက်ခေါက်ကြီးကျ လာတွေ့ဖို့ အချိန်မရှိဘူး ။ မိန်းမပျက်တွေနဲ့ ပျော်ပါးနေဖို့ကျတော့ အချိန်ရှိတယ်ပေါ့လေ အဟက်"
"ေ တာက် မို က်ရိုင်းလိုက်တာ မွေးထားရကျိုး မနပ်တဲ့ သမီးမိုက်"
ပါးချခံရသည့် အသံကြားပြီးနောက် ခြေသံတို့က မိမိနှင့် နီးလာသဖြင့် သျှံ ဘေးနားကပ်နေလိုက်သည်။
Suitအပြည့်ဝတ်ထားသော လူကြီးနှင့် ဘေးနားက သက်တော်စောင့်ဖြစ်ဟန်တူသော လူတစ်စုတို့ အလျိုလျို ထွက်သွားကြသည်။ဝင်သင့် မဝင်သင့် စဉ်းစားပြီးနောက် အခန်းထဲသို့ ဝင်လိုက်သောအခါ အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော ပန်းအိုးများနှင့် ပြန့်ကျဲနေသော မှန်ကွဲစများ။
"န န်း "
သတိထား လျှောက်ကာ တသိမ့်သိမ့်တုန်နေသည့်ကျောပြင်လေးအား လက်နှင့် သွားတို့ကာ ခေါ်လိုက်ပါသော်လည်း
"ဖယ် ထွက် သွား "
လက်ကို ပုတ်ချလိုက်သည့် အရှိန်မှာ ပြင်းသောကြောင့် သျှံ ဟန်ချက်မထိန်းနိုင်စွာ လဲကျသွား၏။
လက်နှစ်ဖက်လုံးကလဲ မှန်ကွဲစတွေပေါ်မှာ ထောက်မိလျက်သား ဖြစ်သောကြောင့် နာကျင်စွာ ညည်းလိုက်မိသည်။