*zawgyi*
ပြန်လာခဲ့မယ်ဆိုပြီး ရောက်မလာသေးသော လရောင်ကြောင့် ည မထိုင်နိုင်။ ငြိမ်ငြိမ်လဲ မနေနိုင်။
ညစိတ်လှုပ်ရှားတိုင်း လုပ်လေ့ရှိသည့် လက်မနှစ်ဖက် ထိပ်ကို ပွတ်တိုက်နေမိရင်း နောက်ဆုံးလရောင်ကို ဖုန်းဆက်မိပြန်သည်။
ဒီတစ်ခါနဲ့ဆို အခါ ၂၀ လောက်ရှိရောပေါ့။
ပုံမှန်အတိုင်းဆို လရောင်က အလု ပ်ကိစ္စနဲ့ မြန်မာ ပြန်ရတိုင်း ဘယ်နှာနာရီ ထွက်လာပြီ ဘယ်ဂိတ်ကို ရောက်နေပြီက အစ message ပို့တတ်သည်။ အခုက ထွက်သွားကတည်းက ဘာmessageမှလဲ မဝင်လာသေးသလို ဖုန်းကလဲ ဆက်လို့ မရချေ။
သျှံကို ဖုန်းဆက်တော့လဲ ဆေးရုံကို ပြန်မရောက်သေးဘူးတဲ့။ လရောင်ထက်ရေ ရူးတော့မှာပဲ ။
ပြန်လာမှ တွေ့မယ်။"မြေး မအိပ်သေးဘူးလား"
ဘုရားခန်းမှ ထွက်လာသော ဘွားရဲ့ စကားသံ
ကြောင့် ရုတ်တရက် ည လန့်သွားမိသည်။"လန့်သွားတာပဲ ဖွားရယ်"
ည လမ်းလျှောက်နေရာသို့ ဖွားက လမ်းလျှောက်လာရင်း
"ဘယ်တွေ အာရုံ ရောက်နေလို့လဲ မြေးလေးရဲ့ သတိလေးလဲ ကပ်ပါဦး"
ဖွားရဲ့ ခန္ဓာကိုယ်လေးအား ညသိမ်းကျုံးဖက်လိုက်ပြီး ကိုယ်သင်းနံလေး ရှူလိုက်မိသည်။ ဖွားက ဘယ်အချိန်ဖြစ်ဖြစ် မွှေးနေတာပဲ။
" ဟိုတစ်ခေါက်က လာသွားတဲ့ သူငယ်ချင်းလေ ၊ မြန်မာ ခဏပြန်သွားတာ ဒီနေ့ ပြန်လာမယ်ဆိုပြီး ခုထိ ပြန်မလာသေးဘူး ညပဲ ရောက်နေပြီ"
မတ်တပ်ရပ်နေသော ညရဲ့ လက်ကို ဖွားက ပိုင်ဆွဲသွားပြီး ဆိုဖာမှာ ထိုင်ခိုင်းသည်။ ပြီးတော့ နောက်လက်တစ်ဖက်က ညလက်ပေါ်ကို ထပ်တင်လိုက်ပြီး
"အဲ့ ကလေးမလေးက ဖွားကို စကားတစ်ခု ပြောသွားတယ်"
"ဘာပြောသွားတာလဲ ဖွား"