မင်္ဂလာဆောင်ကို အမြန်ဆိုပေမယ့် jongin စာမေးပွဲကြီးပီးမှအေးဆေးလုပ်ရအောင် ရက်ညှိထားတော့ သူ့စာပေးပွဲကိုစောင့်နေရသည်.....
တစ်ပတ်သာလိုတော့သည့်jongin စာမေးပွဲကိုအမြန်ပီးချင်စေချင်နေသူကတော့ ohsehun ပင်။
စာမေးပွဲနီးလာတာနဲ့အမျှ ဂျစ်တိုက် တိုက်လာသော ငဂျစ်လေးကိုရော Yoon Seokကိုရော ထိနိးရလို့ "အသက်လည်းတစ်ဝက်လောက်တိုနေပီထင်တယ်" လို့ ညတိုင်းညီးနေရသည်ထိပင်။
jongin ဂျစ်တိုက်ပုံကလည်းရီတော့ရီရသား....
စာမေးပွဲstressကြောင့်မလို့ နာရီပိုင်းတစ်ခါ မိနစ်ပိုင်းတစ်ခါ လူချင်းတစ်မျိုး ဖုန်းနဲ့တစ်မျိုး ဂျစ်တိုက်တတ်နေသော ငဂျစ်လေးပါရဲ့......
ဒါပေမယ့် ဖုန်းခေါ်ပီးဂျစ်မတိုက်ခင်တော့
"ဦး ဖုန်းပြောလို့ရလားဟင်" ဆိုပီးအမြဲမေးရှာလေရဲ့😅
ကိုယ့်မှာမအားလည်း "အင်း...ရတယ် ပြော" ဆိုပီး သူဂျစ်သမျှငြိမ်နားထောင်ရတာလည်းအကျင့်ပါနေလေပြီ။အိမ်မှာစာလာကျက်သည့်နေ့တွေဆို..
ဗိုက်ဆာရင်လည်းဗိုက်ဆာသည်မို့ဂျစ်တိုက်သည်....
ပူရင်လည်းပူသည်မို့/အေးရင်လည်းအေးသည်မို့....
စာတွေကျက်မရပြန်ရင်လည်း စာပွဲတစ်ဒုန်းဒုန်းလုပ်လို့ sehun ပြေး ပြေးလာရသည်....
သူ့ရဲ့ဒြပ်ထုတွေကကိုယ်ကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့မကူပေးနိုင်တော့ "ဂျစ်သမျှ ခံပေဦး ဟေ့" လို့သာ ကိုယ့်ဟာကိုယ်သတိပေးထားရသည်ထိပင်။jongin မာမားကလည်း နယ်က သူငယ်ချင်းသစ်သီးခြံက လူမနိုင်လို့ ကူပေးနေရသည်မို့ အိမ်နဲ့နယ်က တစ်ပတ်တစ်ခါ အသွားအပြန်လုပ်နေရသည်.....
ဒီတော့ ငဂျစ်လေးက မာမားမရှိရင် sehun အိမ်သွားပီး စာကျက်
စာမရရင်ဂျစ်တိုက်....
မာမား အိမ်ရောက်နေရင်တော့ sehun နဲ့ ရှိနေတုန်းကဂျစ်တိုက်တဲ့အမူအကျင့်များလုပ်မိရင် အဆော်ခံရသည်မို့ jongin အိမ်မှာတော့ဂျစ်မတိုက်ရဲပေ။
ESTÁS LEYENDO
🐻ဦးရဲ့အရုပ်🐻
Romanceကျနော်က ဦးရဲ့အရုပ်ဖြစ်နေလည်း ဦး အနားမှာ ဦး ပျော်နေတာမြင်ရရင်ဘဲ ကျနော် ပျော်ပါတယ်~~~ ***ဦးဆီကအကြင်နာတွေ ဂရုစိုက်မှုတွေ အချစ်တွေ မရဘူးဆိုရင်တောင်မှပေါ့ *** 😔 ကျနော်က ဦးရဲ့အရုပ်ဖြစ်နေလည်း ဦး အနားမှာ ဦး ပျော်နေတာမြင်ရရင်ဘဲ ကျနော် ပျော်ပါတယ်~~~...