"ဦး.... ကျနော့ ကို ဒါလေးတပ်ပေးပါဦး"
နက်ခ်တိုင် လေး ကိုင်ပီး စိတ်ညစ်နေတဲ့လေသံနှင့် sehun အနား ရောက်လာသော jongin...
လက်ကကြယ်သီးတွေတပ်နေရင်း jonginကိုမော့ကြည့်ရင်း sehun တစ်ယောက် အူယားနေပီ...
လူကဖြင့်မင်္ဂလာဆောင်နေပီ နက်ခ်တိုင်ချည်မရလို့ဆူပုတ်နေတဲ့jonginကို အူမယားသူမှသာ ထူးဆန်းပေမည်။"လာ" ဆိုပီး jongin ပုခုံးကို ကိုင်၍ ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖစ်အောင် sehun လှည့်ရွှေ့လိုက်သည်။
"အစထဲက မတပ်တတ်ရင် ကိုယ့်ကို လာတပ်ခိုင်းမှပေါ့..
တစ်ယောက်ထဲတပ်တော့ စိတ်တွေရှုပ်နေပီမလား""မတပ်တတ်ဘူးဆိုရင်လည်း ဦးက ဟား ဦးမယ်...
အဲ့ဒါကြောင့်တစ်ယောက်ထဲကြိတ်တပ်နေတာ မရတော့ ဒေါသထွက်ပီပေါ့""ကိုယ်က ဟားတာမဟုတ်ပါဘူး jonginရယ်...
ဒီဝက်ဝံပေါက်လေးကိုအူယားတာ အူယားလို့ ချစ်လို့ ရီတာ...ဟား တာမှမဟုတ်တာ""ကြည့် တွေ့လား ဦးက ကျနော့ကို ကလေးလို့ဘဲ မြင်နေတယ်... ကျနော်ကခုဆို မင်္ဂလာတောင်ဆောင်ပီ ကလေးလည်းမဟုတ်တော့ဘူးးး
အသက်လည်းပြည့်ပီးပီ...နော်"ပြောနေသောပုံကိုက နှုတ်ခမ်းထော်ရန်တွေ့နေသည်မို့ sehun ပြောတာလည်းမလွန်။
"ဟုတ်ပါပီ...ကဲ တပ်လို့လည်းပီးပီ ဝူရီ jonginလေးလည်း အရမ်းမိုက်သွားပီ"
ဆက်ပြောရင်လည်းjonginကို မနိုင်သည်မို့ sehun စကားဖြတ်ပေးလိုက်ရသည်။
"Hyung...သားကိုလည်း ဒါတပ်ပေးဦး" Yoon Seok ခမျာလည်း နက်ခ်တိုင်တစ်ခုနှင့်တိုင်ပတ်နေရှာသည်မို့ sehun ထံအပြေးရောက်လာသည်။
"သူဌေးလေးတို့ အချိန်ရောက်ပီ ဧည့်သည်အနဲစုလည်းရောက်နေကြပါပီ ခြံထဲသွားလို့ရပါပီ" အန်တီကြီးကလာခေါ်ပေးသည်...
Sehun နဲ့ Jongin တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး Sehun မှစ၍ Jongin လက်ကို ကိုင်ကာ
"ကိုယ်တို့အပြင်ထွက်ကြရအောင်""ခဏ ခဏ... ဟူးးးးးး" စိတ်လှုပ်ရှားနေသော Jongin ကလေတစ်ချက် မှုတ်ထုတ်ပီး sehun ကိုခေါင့်ငြိမ့်ပီး ပြုံးပြလိုက်ကာ နှစ်ယောက်သား ဧည့်သည်တွေရှိရာခြံဝင်းထဲသို့.....

KAMU SEDANG MEMBACA
🐻ဦးရဲ့အရုပ်🐻
Romansaကျနော်က ဦးရဲ့အရုပ်ဖြစ်နေလည်း ဦး အနားမှာ ဦး ပျော်နေတာမြင်ရရင်ဘဲ ကျနော် ပျော်ပါတယ်~~~ ***ဦးဆီကအကြင်နာတွေ ဂရုစိုက်မှုတွေ အချစ်တွေ မရဘူးဆိုရင်တောင်မှပေါ့ *** 😔 ကျနော်က ဦးရဲ့အရုပ်ဖြစ်နေလည်း ဦး အနားမှာ ဦး ပျော်နေတာမြင်ရရင်ဘဲ ကျနော် ပျော်ပါတယ်~~~...